Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပြည်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့ကဗျာနေ့

$
0
0
~


 
သောကြာနေ့ကကျရောက်တဲ့ ကမ္ဘာ့ကဗျာနေ့အမှတ်တရအဖြစ်  ပြည်မြို့က ဗေဒါရီ Art Gallery မှာ မနက် (၁၀) နာရီက ကဗျာရွတ်ပွဲ ပြုလုပ်ခဲ့ပါတယ်။
 
-

 


ကဗျာပွဲမှာ
ပန်းချီကားတွေကိုလည်း ချိတ်ဆွဲ ပြသထားပါတယ် (ဓာတ်ပုံများ - ကောင်းမြတ်မင်း / ဧရာဝတီ)
 -
  ပွဲကျင်းပသူကဗျာဆရာတဦးထဲက လူခါးဝေက ...

“ကဗျာဆရာတွေအတွက် ဒီနေ့ဟာ အဘိဓမ္မာနေ့တနေ့လိုဖြစ်ပါတယ်။ ကျနော်တို့တွေဟာ ကဗျာရွတ်ပွဲတွေ အမြဲ ကျင်းပပါတယ်။
ကဗျာနေ့ကို ကဗျာဆရာတွေလောက်ပဲ သိတာ များတယ်။ ကဗျာနဲ့ သက်ဆိုင်သူတွေကို အားလုံးကို သိစေချင်လို့ပါ။ ကဗျာကိုချစ်တာ ကဗျာဆရာတွေကြီးပဲ မဟုတ်ပါဘူး။
တခြား ပန်းချီဆရာတွေ၊ စာရေးဆရာတွေ၊ ကာတွန်းဆရာတွေလည်း ချစ်ကြတာဖြစ်လို့ အားလုံး စုပေါင်းပြီး ကမ္ဘာ့ကဗျာနေ့ကို ဂုဏ်ပြုတဲ့ပွဲ ကျင်းပခဲ့တာပါ” လို့

ဧရာဝတီကို ပြောပါတယ်။
ကဗျာဆရာသစ်ခက်အိမ်ကလည်း ငယ်ငယ်တုန်းက ဘောလုံးပွဲဆိုတဲ့ သူကဗျာကို  လာရွတ်ခဲ့ပါတယ်။

သူ့ကဗျာကတော့...

ငယ်ငယ်တုန်းက ဘောလုံးပွဲ
ကန်လိုက်တိုင်း လိုရာမရောက်
တခါတလေ ဘောလုံးက ပျောက်
တစ်ယောက် တောက်ခေါက်သံက
တစ်ယောက်ကိုပန်းနဲ့ပေါက်သလို နာခဲ့ကြတယ်

သူ့လူ ကိုယ်လူ မသဲမကွဲ
တစ်ယောက်လဲရင် ရယ်သံတွေနဲ့ဝိုင်းထူ
ဘယ်သူမှ နှုတ်ခမ်းမစူကြေး
ဆွေးနွေးတိုင်ပင်မထားဘဲ
 အင်္ကျီဗလာဝတ်စုံချင်း တူညီခဲ့ကြတယ်။

ဘယ်သူက ဘယ်သူ့ကို ဘယ်လိုလှည့်ထွက်ထွက်
ဘယ်သူက ဘယ်သူကို ဘယ်လိုဂိုးသွင်းသွင်း
အချင်းချင်းလည်ပင်းဖက်ထားတဲ့လက်တွေထဲ
စိုစိုရွှဲနေတဲ့ ယုံကြည်မှုထဲမှာ
အားလုံးဟာ မာရာဒိုနာ…..။

အခုတော့………
 မိုးတွေ သည်းလာတိုင်း
……… …… ……..
နှစ်ဘက်ခွဲထားပေမယ့်
တကယ်က
 မိုးသည်းသည်းရယ်ငါတို့ရယ် ကန်ခဲ့တဲ့ဘောလုံးပွဲ
မျက်ရည်တွေထဲမှာပဲ
လွမ်း….. နေ…. ရ…. တော့…..တယ်။       ။

    ဒီကဗျာနဲ့ ပတ်သက်တဲ့ သူ့ရဲ့ခံစားချက်တချို့ကိုလည်း အခုလို သူကပြောပြပါတယ်။

“ဥမကွဲသိုက်မပျက်စေချင်တဲ့သဘောပါပဲ။ ဘယ်လူ့အဖွဲ့အစည်းမှာမဆို  အားလုံးစည်းစည်းလုံးလုံးနဲ့ တယောက်အားနည်းချက်ကို တယောက်ရဲ့ အားသာချက်နဲ့ ဖာထေးပြီးတော့ နေထိုင်သွားကြစေချင်တဲ့ သဘောပါ”

 နံရံကပ် ကဗျာတွေကိုလည်း ကဗျာဆရာတွေရဲ့ လက်ရေးမူနဲ့ ရေးထားတဲ့အတိုင်း ချိတ်ဆွဲထားသလို  ပန်းချီ အနုပညာလက်ရာတွေကိုပါ ပြသထားပါတယ်။

ကဗျာဆရာတွေကိုယ်တိုင်ကလည်း သူတို့ရဲ့ကဗျာတွေကို အသီးသီး ရွတ်ပြကြ၊ ပွဲတက်ရောက်သူတွေကို စာရေးဆရာ ကိုပြုံ(ဧကရာဇ်)ရဲ့ စာအုပ်လက်ဆောင် ပေးခဲ့ကြတာ တွေ့ရပါတယ်။
ကောင်းမြတ်မင်း











.


Viewing all articles
Browse latest Browse all 5236

Trending Articles