Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

လေယာဉ်ပျောက်ကို အမေရိကန်က အိန္ဒိယသမုဒ္ဒရာမှာ အဓိကထားရှာမယ်

$
0
0
စနေနေ့ကတည်းက ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ဟာ ဆက်သွယ်မှုပြတ်တောက်ခဲ့ပြီး ဆက်ပြီး ပျံသန်းသွားတဲ့ လမ်းကြောင်း ရှိတယ်ဆိုတာကို အတည်ပြုနိုင်တယ်လို့ စီအန်အန် သတင်းတခုက အခု
နောက်ဆုံး ဖော်ပြလာပါတယ်။ 



အမေရိကန် စုံစမ်းရေးသမားတွေက လေယာဉ်အင်ဂျင်ကနေ မြေပြင်ကိုအလိုအလျှောက်ပို့လွှတ်တဲ့ အချက်အလက်တွေအရ လေယာဉ်ဟာ ရေဒါကနေ ပျောက်ဆုံးပြီး အနည်းဆုံး ၄ နာရီကြာလောက် ဆက်လက်ပျံသန်းနေတယ်လို့ ယုံကြည်ထားတယ်လို့ ရိုက်တာ သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

 

ဒါကြောင့် လေယာဉ်ဟာ ရှေ့ဆက်သွားနေနိုင်သလို ဒီအပြင် လေယာဉ်ဟာ နောက်ပြန်ကွေ့လာတယ်လို့ လည်း ယူဆထားတာကြောင့် အိန္ဒိယ သမုဒ္ဒရာ မှာ လေယာဉ်ပျောက် ရှိနိုင်တယ်လို့ အမေရိကန်တို့ရဲ့ ယူဆချက်တွေ တိုးမြင့်လာတယ်လို့ သိရပါတယ်။

ဒါကြောင့် အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ ဂျင်ကာနေးက သူတို့ရဲ့ အဆင့်မြင့် စစ်သင်္ဘော
တွေ၊ ရဟတ်ယဉ် တွေသုံးပြီး အိန္ဒိယ သမုဒ္ဓရာထဲက အဓိက ကျတဲ့နေရာတွေမှာ ရှာဖွေတော့မယ့် အကြောင်း သတင်းထောက်တွေကိုပြောပါတယ်။ 

လေယာဉ်ရှိနိုင်တယ်လို့သံသယဖြစ်တဲ့နေရာတွေထဲမှာ မြန်မာ့ရေပိုင်နက်လည်းပါဝင်ပါတယ်။ အခုတော့ 
မြန်မာအာဏာပိုင်တွေက မလေးရှားလေယာဉ်ပျောက်ကို မြန်မာ့ရေပိုင်နက်မှာ ၇ ရက်ကြာရှာဖွေခွင့် ကို မလေးရှား အာဏာပိုင်တွေက တောင်းခံလာတာကို ခွင့်ပြုလိုက်ပြီလည်းဖြစ်ပါတယ်။

ဒါကြောင့် မြန်မာရေတပ်ကလည်း လေယာဉ်ပျောက်ကို ရှာဖွေနေပြီလို့ သိရပါတယ်။ အခုဆိုရင် ပဟေဠိ ဆန်တဲ့ မလေးရှားလေယာဉ်ပျောက်ဆုံးမှုကို နိုင်ငံပေါင်း ၁၇ နိုင်ငံထိ ပူးပေါင်းပါဝင်ပြီး ဖြစ်နိုင် မယ်လို့ ယူဆတဲ့ နေရာတွေကို နေရာတွေ ထပ်ချဲ့ပြီး ဖြန့်ကျက်ရှာဖွေနေပြီဖြစ်ပါတယ်။ 

အစောပိုင်း တရုတ်နိုင်ငံက ထုတ်ပြန်ခဲ့တဲ့လေယာဉ်အပိုင်းအစလို့ ယူဆရတဲ့ ဓာတ်ပုံထုတ်ပြန်လိုက် တာဟာ မဟုတ်မှန်ပဲ မှားယွင်းထုတ်ပြန်ခဲ့တာလို့လည်း တရုတ်အာဏာပိုင်တွေက ပြောလာပါတယ်။ 

ဒါကြောင့်လေယာဉ်နဲ့ပတ်သက်တဲ့ သဲလွန်စတွေမတွေ့ရသေးတာကြောင့် အဆင့်မြင့် ကိရိယာတွေ သုံးပြီး နိုင်ငံစုံ အားစိုက်ပြီး ရှာဖွေမှုကို ဆက်လုပ်နေတာပါ။ 

အမေရိကန်နည်းတူ တရုတ်နိုင်ငံကလည်း လေယာဉ်ပျောက်ရှာပုံတော်ကို လက်လျှော့မှာ မဟုတ်ဘူးလို့ ထိပ်တန်း ခေါင်းဆောင်တဦးက ထပ်ပြောလာပါတယ်။ 

အိမ့်သံစဉ် ~











Viewing all articles
Browse latest Browse all 5236

Trending Articles