Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

တရုတ်ပြည်မှာ ဓားကိုင် တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၃ ဦး သေဆုံး

$
0
0
အခုရက်ပိုင်း တရုတ်နဲ့ပတ်သက်တဲ့ သတင်းတွေက ဆက်တိုက်ဆိုသလို တုန်လှုပ်စရာတွေဖြစ်နေပါတယ်။ တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တောင်ပိုင်းမှာ ဒီကနေ့ မနက်ပိုင်းက ဓားကိုင်လူတစုက တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးသွားပါတယ်။ ဒါဟာ တလအတွင်း ဒုတိယ အကြိမ်ဖြစ်ပွားတဲ့ လူသေစေတဲ့ ဓားကိုင် တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ 


ဟူနန်ပြည်နယ်မြို့တော် ရှန်ရှာမြို့က လမ်းတခုမှာ ဒီကနေ့ သောကြာနေ့ မနက်ပိုင်းကပဲ ဓားကိုင်လူတစုက အရပ်သားတွေ ကို တိုက်ခိုက်တာဖြစ်တယ်လို့ တရုတ် နိုင်ငံပိုင်သတင်းထုတ်ပြန်ချက်ကို ကိုးကားပြိး ဘီဘီစီသတင်း တပုဒ်က ဆိုပါတယ်။ 

အခုလို ဓားကိုင် တိုက်ခိုက်မှုကို ရဲက ပစ်ခတ်နှိမ်နင်းလိုက်တာမှာ ဓားကိုင်သူ တဦး သေဆုံး သွားတယ်လို့ သတင်းပို့ထား တယ်လို့ ဆိုပါတယ်။ အရာရှိတွေနဲ့ ရဲတွေလည်း အထူးကြပ်မတ်နေရတယ်လို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကလည်း ယူနန်ပြည်နယ်မှာ အလားတူ ဓားကိုင်လူတစုက တိုက်ခိုက်မှုကြောင့် ၂၉ ဦး သေဆုံး ပြီး ၁၄၃ ဦး ထိခိုက်ဒဏ်ရာတွေ ရသွားခဲ့တာပါ။ အဲဒီဖြစ်ရပ်ကိုလည်း တရုတ်ပြည်မှာ ထိပ်လန့်ခြောက်ခြားနေဆဲဖြစ်ပါတယ်။ 

ဒီသောကြာနေ့မနက်မှာ အလားတူ ဓားကိုင် တိုက်ခိုက်မှုထပ်မံပြီး ဘာကြောင့် တိုက်ခိုက်တယ်ဆိုတာတော့ အတည်ပြုချက် မရသေးပါဘူး။ 

ဒေသ မီဒီယာတခုပြောတာကတော့ ဓားကိုင် တိုက်ခိုက်သူတဦးဟာ ရန်ပွဲ တခုဖြစ်ပြီး အဲဒီနား မလှမ်း မကမ်းက မု့န်ဖိုထဲ ဝင်ပြေးပြီး ပျောက်သွားတယ်လို့ ဖော်ပြထားပါတယ်။ 

ထပ်ပြီး ရတဲ့သတင်းအရ ဓားကိုင် တိုက်ခိုက်သူတဦးကို ရဲက ပစ်သတ်လိုက်ပြီး နောက်တဦးကိုလည်း လက်ရ ဖမ်းဆီးရမိ တယ်လို့ ဆိုပါတယ်။ ၃ ဦးကတော့ ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်လို့ အေပီ သတင်းက ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တရုတ်ခရီးသွား ၁၅၀ ကျော် ပါတဲ့ မလေးရှားလေယာဉ်ကြီးဟာ မလေးရှား ကနေ တရုတ်နိုင်ငံ ပီကင်း အသွား ပျောက်ဆုံးနေတာ ယနေ့တိုင်ပါပဲ။ 


အိမ့်သံစဉ် ~ 












Viewing all articles
Browse latest Browse all 5236

Trending Articles