Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဧရာဝတီမဂ္ဂဇင်းတည်ထောင်သူအတွက် Stanford APARC ရဲ့ ဂုဏ်ပြုဆု

$
0
0
~


ဧရာဝတီမဂ္ဂဇင်း တည်ထောင်သူ နဲ့  အယ်ဒီတာချုပ် ဦးအောင်ဇော် အမေရိကန်တက္ကသိုလ်တခုက ပေးအပ်တဲ့ ဂုဏ်ပြုဆုတခုကို ကြာသပတေးနေ့က ရရှိခဲ့ကြောင်း ဧရာဝတီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။



ဧရာဝတီမဂ္ဂဇင်း တည်ထောင်သူ နဲ့  အယ်ဒီတာချုပ် ဦးအောင်ဇော်  
(Photo: Uzo Uda / The Irrawaddy)
 -

စတင်းဖို့ဒ်  Stanford တက္ကသိုလ်ရဲ့ ဌာနတခုဖြစ်တဲ့ Walter H. Shorenstein Asia-Pacific Research Center(APARC)က ၂ဝ၁၃ ခုနှစ်အတွက် ပေးအပ်တဲ့ဆုဖြစ်ပါတယ်။
 မြန်မာပြည်သားတဦး ဒီဂုဏ်ပြုဆုကို ပထမဆုံးအကြိမ် ရရှိတာလည်း ဖြစ်ပါတယ်။

မြန်မာပြည်အတွက် လွတ်လပ်တဲ့မီဒီယာအဖွဲ့ ထူထောင်ရာမှာ ဦးဆောင်မှု ပေးနိုင်ခဲ့ခြင်း၊
အရှေ့တောင်အာရှဒေသဆိုင်ရာ သတင်းတွေ စုစည်း ဖော်ပြရာမှာ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ခြင်းတို့အတွက် ဧရာဝတီမဂ္ဂဇင်းတည်ထောင်သူ ဦးအောင်ဇော်ကို ဂုဏ်ပြုဆုပေးဖို့ ရွေးချယ်တာ ဖြစ်တယ် လို့
APARCဌာနက ဒီနှစ်ဆန်းပိုင်းမှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

 မူရင်းသတင်း   Irrawaddy Founder Accepts Shorenstein Journalism Award ကို ဖတ်နိုင်တဲ့လင့်ကတော့
http://www.irrawaddy.org/burma/irrawaddy-founder-accepts-shorenstein-journalism-award.htmlဖြစ်ပါတယ်။



.


Viewing all articles
Browse latest Browse all 5236

Trending Articles