အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ဟာ မနေ့ မတ်လ ၉ ရက်နေ့ က နေပြည်တော်မှာ ၁ နာရီနီးပါး တွေ့ဆုံဆွေးနွေးကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ဟာ နေပြည်တော်က သမ္မတဦးသိန်းစိန်ရဲ့ လယ်တော အိမ် မှာ မနေ့က ညနေ ၅ နာရီကနေ ၅ နာရီ မိနစ် ၅ဝ အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ NLD ပါတီ ဖေ့စ်ဘုတ် စာမျက်နှာက ထုတ်ပြန်ထားပါတယ်။
ဆွေးနွေးမှု အကြောင်းအရာတွေနဲ့ပတ်သက်ပြီး သိနိုင်ဖို့ NLD ပါတီ ဗဟို အလုပ်အမှုဆောင်လည်းဖြစ် တရား ဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်ထံကို မေးမြန်းနိုင် တယ် လို့ ဖော်ပြ ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ဟာ ၂ဝ၁၂ ခုနှစ် သြဂုတ်လတုန်းက နေပြည်တော်မှာ လူသိရှင် ကြား ၂ ကြိမ်တွေ့ဆုံခဲ့ပါသေးတယ်။
အလားတူ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလ ကလည်း အမေရိကန်ပြည်ထောင်စုကို ဦးသိန်းစိန် ရောက်ရှိခိုက် ကြိုပြီး ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က တည်းခိုရာ ဟိုတယ်ကို သွားရောက် တွေ့ ဆုံခဲ့ပါသေး တယ်။
အိမ့်သံစဉ် ~
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် ပထမဆုံး အကြိမ်တွေ့ဆုံစဉ်ကမှတ်တမ်းဓာတ်ပုံ
ဆွေးနွေးမှု အကြောင်းအရာတွေနဲ့ပတ်သက်ပြီး သိနိုင်ဖို့ NLD ပါတီ ဗဟို အလုပ်အမှုဆောင်လည်းဖြစ် တရား ဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်ထံကို မေးမြန်းနိုင် တယ် လို့ ဖော်ပြ ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ဟာ ၂ဝ၁၂ ခုနှစ် သြဂုတ်လတုန်းက နေပြည်တော်မှာ လူသိရှင် ကြား ၂ ကြိမ်တွေ့ဆုံခဲ့ပါသေးတယ်။
အလားတူ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလ ကလည်း အမေရိကန်ပြည်ထောင်စုကို ဦးသိန်းစိန် ရောက်ရှိခိုက် ကြိုပြီး ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က တည်းခိုရာ ဟိုတယ်ကို သွားရောက် တွေ့ ဆုံခဲ့ပါသေး တယ်။
အိမ့်သံစဉ် ~
- ဧရာဝတီ Facebook/ဧရာဝတီ Twitter