Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

Side Effect မြန်မာရော့ခ် ဂီတအဖွဲ့ အမေရိကန် က ဂီတပွဲ သွားဖျော်ဖြေမယ်

$
0
0

Side Effect လို့ အမည်ရတဲ့ မြန်မာ ရော့ခ်ဂီတ တီးဝိုင်းအဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ South by Southwest (SXSW) လို့ ခေါ်တဲ့ ဂီတပွဲတော်ကို သွားရောက်ဖျော်ဖြေဖို့ ရန်ပုံငွေ ရှာနေပါတယ်။ 



 Side Effect ရဲ့ ရန်ကုန်က ဖျော်ဖြေပွဲ တခုမြင်ကွင်း၊ ဓာတ်ပုံ- Greg Holland

ဒါဟာ အမေရိကန်က SXSW ဂီတပွဲတော်မှာ ပါဝင်ဖျော်ဖြေမယ့် ပထမဆုံး မြန်မာဂီတအဖွဲ့ဖြစ်တယ်လို့ Sied Effect ရော့ခ် ဂီတဝိုင်းရဲ့ လိဒ် ဂီတာသမားက ဧရာဝတီကိုပြောပြထားပါတယ်။ 

South by Southwest (SXSW) ဆိုတာ အမေရိကန် တက္ကဆတ်ပြည်နယ် အော်စတင်မြို့က အခြား မာလတီ မီဒီယာတွေ နဲ့ ရုပ်ရှင် ဇာတ်လမ်းတွေပါ ပါဝင်ဖျော်ဖြေတဲ့ အဓိကကျတဲ့ နိုင်ငံတကာ ဂီတပွဲတော်တ ခုဖြစ်ပြီး နိုင်ငံတကာက ဂီတအဖွဲ့ ပေါင်း ၂ဝဝဝ ကျော်လည်း ပါဝင်ဖျော်ဖြေကြမှာဖြစ်ပါ တယ်။ 

အစောပိုင်းတော့ မြန်မာ ရော့ခ်ဂီတ Side Effect အဖွဲ့အနေနဲ့ ဒီပွဲတော်ကို သွားမယ်၊ မသွားဘူးဆိုတာ မသေမချာဖြစ်ခဲ့ရ တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ စနေနေ့ညကပဲ ရန်ကုန်မှာ ရံပုံငွေပွဲတခုလုပ်လိုက်ပြီး သူတို့ အဖွဲ့သား ၄ ဦးရဲ့ လေယာဉ်စာရိတ်တွေ အတွက် ကာမိ သွားစေတဲ့ အမေရိကန် ဒေါ်လာ ၂ ထောင်
လောက် ရသွားခဲ့လို့ အဆင်ပြေသွားပြီလို့ ပြောရမှာပါ။ 

“ဒီငွေပမာဏနဲ့ ဆိုတော့ SXSW ဂီတပွဲကို သွားနိုင်မယ်လို့ ကျနော် ထင်တယ်။ လေယာဉ် လက်မှတ်လည်း ဝယ်နိုင်ပြီလေ၊ ဒါဟာ အမေရိကန်ပြည်ထောင်စုမှာ ကျနော်တို့အနေနဲ့ ဖျော်ဖြေခွင့်ရတဲ့ အခွင့်အရေးကြီးပဲ” လို့ အသက် ၃၂ နှစ်ရှိပြီ ဖြစ်တဲ့ အဆိုတော်လည်းဖြစ် လိဒ်ဂစ်တာသမားလည်းဖြစ်တဲ့ Darko C ကဧရာဝတီ ကို မနေ့က ပြောပါတယ်။ 

မြန်မာတွေရဲ့ ဂီတ အစွမ်းက ကမ္ဘာကြီးမှာပါ ဝင်ဆန့်လာတဲ့ လက္ခဏာပါဘဲ။ 

အခု အမေရိကန်ကို သွားပြီး ကမ္ဘာတလွှား တီးဝိုင်း ပေါင်း ၂ ထောင်ကျော်ထဲ ပါဝင်ဖျော်ဖြေခွင့်ရတဲ့ 
မြန်မာနိုင်ငံက ရော့ခ် ဂီတအဖွဲ့ Side Effect ရဲ့ ခရီးစဉ် ဘယ်လိုရှိတယ်၊ သူတို့ ဘယ်လို အောင်မြင်မှု
တွေ ရှိခဲ့လဲ ဆိုတာ ဧရာဝတီ အင်္ဂလိပ်ပိုင်း စာမျက်နှာပေါ်က SAMANTHA MICHAELS ရဲ့ Burmese Band Side Effect to Attend US Festival  (http://www.irrawaddy.org/burma/burmese-band-side-effect-attend-us-festival.html) ဆိုတဲ့ သတင်းမှာ အပြည့်အစုံ ဖတ်နိုင်ပါပြီ။ 


အိမ့်သံစဉ် ~ 


 










 

Viewing all articles
Browse latest Browse all 5236

Trending Articles