Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အမေ့ မေတ္တာ

$
0
0
နောက်ခြေ ၂ ချောင်းလုံး မရှိတဲ့ စွန့်ပစ်ခံ ခွေးမလေး ချူပေါင် ဟာ သူ့ဘဝကို သူ အရှုံး မပေးပဲ သား သမီးတွေကိုတောင် ဂရုစိုက်နေတာ သာမန်ခွေး မိခင်တွေလိုပါဘဲ။ 

 ဓာတ်ပုံ- China News

တကယ်တော့ မသန်ပေမယ့် စွမ်းနေဆဲ ချူပေါင် ဟာ ပိုင်ရှင်ဖြစ်သူရဲ့ စွန့်ပစ်ခံခဲ့ရပြီး နေစရာ၊ စားစရာ ခက်ခဲနေချိန်မှာ တရုတ်နိုင်ငံ ဒန် တုန် ရှန်ဇီ မြို့က ဘူတာရုံတခုကို အမှီပြုနေထိုင်ရင် ရထားတစီးက ကြိတ်လိုက်လို့ သူ့ရဲ့ နောက်ခြေ ၂ ဖက်လုံး ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ China News သတင်းတပုဒ်က ဆိုပါတယ်။ 



အဲဒီအချိန်ကစပြီး ချူပေါင်ဟာ ခြေ ၂ ဖက်မရှိတဲ့ မသန်စွမ်းခွေးမ တကောင်ဖြစ်ခဲ့ရတာပါ။ ဒါပေမယ့် အခုတော့ သူ့မှာ သား၊ သမီးတွေလည်း ထွန်းလာလာပြီး တိရိစ္ဆာန် မသန်စွမ်း ခွေးမတကောင်ဖြစ်ပေမယ့် သူ့ရဲ့ သားသမီး ၄ ကောင်ကို သူက ဂရုစိုက်စောင့်ရှောက်မှုကတော့ မိခင်မေတ္တာကို အဓိက ထင်ဟတ်
စေပြီး မြင်ရသူတွေလည်း ရင်နင့်အောင် ခံစားရနိုင်ပါတယ်။ 


လက်ရှိအချိန်မှာ တရုတ်နိုင်ငံမှာ အိုးအိမ်မဲ့ ခွေးပေါင်း သန်း ၁၃ဝ လောက် ရှိတယ်လို့ ဆိုပြီး အထူးသဖြင့် မြို့ပြ တွေ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာမှုတွေက ခွေးတွေဟာ ဓားစာခံတွေ ဖြစ်လာနေတယ်လို့ အဆိုပါ သတင်း က ဖော်ပြထားပါတယ်။ 

အထူးသဖြင့်တော့ တရုတ်နိုင်ငံက တိရိစ္ဆာန်တွေအပေါ် ကန့်သတ်မှုတွေကြီးပြီး လူနေမှုစာရိတ်တွေက လည်း မြင့်မားလာတာကြောင့် လူတွေဟာ ခွေးတွေကို ဂရုတစိုက်မွေးမြူမှုတွေ မလုပ်လာနိုင်တော့ တာဖြစ်ပါတယ်။ 

တခါတရံ မြို့ကြီးပြကြီးတွေမှာ အဲဒီခွေးတွေကို ကယ်တင်ဖို့ ကြိုးစားမှုတွေ ရှိပေမယ့် နောက်ပိုင်းမှာ ခွေး
တွေ ဟာ မကြာခဏဆိုသလို ရက်ရက်စက်စက် အသတ်ခံလိုက်ရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ 

အထူးသဖြင့်ကတော့ ခွေးတွေဟာ အစာ အခက်အခဲဖြစ်လာကြပြီး ခွေးလေ ခွေးလွင့် ပပျောက်ရေး စီမံချက် ကြောင့် တချို့ အစာတွေဟာလည်း အဆိပ်ခတ်ထားတာကြောင့် သေဆုံးမှုတွေလည်း မကြာခဏဖြစ်နေတာပါ။ 

အခုထိလည်း အိုးမဲ့ အိမ်မဲ့ စွန့်ပစ်ခံ၊ ပိုင်ရှင်မဲ့ ခွေးတွေဟာ အစာငတ်တာနဲ့ နာမကျန်းဖြစ်မှုတွေနဲ့ ရင်ဆိုင်
နေကြ ရတယ်။ ချူပေါင်ကတော့ သူ့သားသမီးတွေအတွက် ဒီလို အခက်အခဲတွေ မဖြစ်ဖို့ အထူးစောင့်
ရှောက် သင်ကြားမှုတွေ လုပ်ပေးနေပါတယ်တဲ့။ 


အိမ့်သံစဉ် ~ 



 







 

Viewing all articles
Browse latest Browse all 5236

Trending Articles


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗိုလ်အောင်ဒင် မူပိုင်ခွင့်ကိစ္စ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


မြစ်ဆုံကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပြော (ရုပ်/သံ)


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်