Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မြန်မာ ရေကြောင်းလျှပ်စစ်အင်ဂျင်နီယာတွေ ကမ္ဘာကိုဝင်ဆံ့ဖို့

$
0
0
~

ကျောင်းပြီးလို့
ရေကြောင်း လျှပ်စစ် အင်ဂျင်နီယာဘွဲ့ ရသွားပေမယ့်    နိုင်ငံခြားသင်္ဘော တက်လို့ မရသေးပါဘူး တဲ့။ ဒီအကြောင်း သတင်းထောက် မင်းဗညားက သတင်းပေးပို့ထားပါတယ်။

 


ပင်လယ်ကူးသင်္ဘောငယ်များ ဆိုက်ကပ်ရာ ရန်ကုန်ဆိပ်ကမ်း(ဓာတ်ပုံ - စည်သူလင်း / ဧရာဝတီ)
  -
ရေကြောင်း လျှပ်စစ် အင်ဂျင်နီယာ ဘာသာရပ်အား အထူးပြု ယူထားသော ကျောင်းသားများအနေဖြင့် ကျောင်းပြီးသွားသော်လည်း ပြည်တွင်း၌ Electrical Workshop Skill သင်တန်းများ ဖွင့်လှစ်နိုင်ခြင်း မရှိသည့်အတွက် ကျောင်းသားအများစု အလုပ်လက်မဲ့နှင့် ရင်ဆိုင်နေရကြောင်း ယင်းဘာသာရပ်ကို တက်ရောက်နေသော ရေကြောင်းတက္ကသိုလ်မှ ကျောင်းသားများထံမှ သိရသည်။

ထိုသင်တန်းသည် နိုင်ငံတကာ ရေကြောင်းအဖွဲ့ချုပ် (IMO) က ၂၀၁၁ခုနှစ်အတွင်း ပြဌာန်းခဲ့သည့် နိုင်ငံတကာ သဘောင်္သားတိုင်း၏ အခြေခံ အရည်အချင်း လိုအပ်ချက်ကို ပြဌာန်းသော ဥပဒေတရပ်(STCW)  ဖြစ်ကြောင်း၊  သင်တန်း (၂၆)ပတ် တက်ရောက်ပြီးစီးကြောင်း လက်မှတ် ရရှိမှသာလျှင် နိုင်ငံခြား သင်္ဘောလိုင်းများ၌ ရေကြောင်း လျှပ်စစ် အင်ဂျင်နီယာ အရာရှိများအဖြစ် ဝင်ရောက် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“mechanical ကျတော့ ဝပ်ရှော့စကေးကို ဖွင့်ထားတာရှိတယ်။ Electrical ကျတော့ ဝပ်ရှော့စကေး မဖွင့်ထားဘူး။ အလုပ်တွေ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်မိပေမယ့်လည်း သင်တန်း မရှိတဲ့အတွက် အဆင်မပြေဘူး။ သင်တန်းရှိမှသာ အလုပ်ရမှာဖြစ်တဲ့အတွက် ဒီမေဂျာယူထားတဲ့ ကျောင်းသားတွေအတွက် အလုပ်အတွက် မျှော်လင့်ချက်နည်းနေတယ်” ဟု ၂၀၁၄ခုနှစ်အတွင်း အပတ်စဉ် ၈၌ ယင်းအထူးပြု ဘာသာရပ်ဖြင့် ကျောင်းပြီးခဲ့သည့် ကျောင်းသားဟောင်း ကိုဇေယျာထက်က ဧရာဝတီသို့ ပြောသည်။

ယင်းသင်တန်းအား အိမ်နီးချင်း အာဆီယံနိုင်ငံများ၌ ဖွင့်လှစ် သင်ကြားပေးမှုများ ရှိသော်လည်း ပြည်တွင်းရှိ ကျောင်းသားများ အနေဖြင့် သွားရောက် သင်ကြားမည်ဆိုပါက ကုန်ကျစရိတ်သည် များပြားသည့်အတွက် အခက်အခဲ ဖြစ်နေရသည်ဟု ဆိုသည်။ ယင်းဥပဒေ မပြဌာန်းစဉ်က အစိုးရမှ ETO ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ် ထုတ်ပေးလျက်ရှိသော်လည်း IMO က ယင်းဥပဒေအား ပြဌာန်းခဲ့ပြီးနောက်ပိုင်း မူဝါဒပြောင်းလဲမှုများ ရှိခဲ့သည်ဟု ယင်းကျောင်းသားများက ပြောသည်။

“အရင်မူဝါဒဟောင်းနဲ့ လက်မှတ်ရခဲ့ပြီးသား လူတွေတောင် လက်မှတ်က သတ်တမ်းကုန်သွားတော့ ဘယ်လို ဆက်လုပ်ရမလဲတောင် မသိဘူးဖြစ်နေတယ်။ ဒီသင်တန်းရှိမှလို့ IMOက သက်မှတ်လိုက်တော့ သင်္ဘောလိုင်း ကုမ္ပဏီတွေက ဒီသင်တန်းလက်မှတ်ကို မေးလာကြပြီ။ လက်မှတ်မရှိလို့ အလုပ်က ဆင်မပြေကြဘူး” ဟု ကျောင်းသားဟောင်းတဦးဖြစ်သည့် ကိုဇေလင်းဖြိုးက ဆိုသည်။
ယခုအချိန်တွင် ယင်းဘာသာရပ် အထူးပြု ဘွဲ့ရရှိ ကျောင်းသားပေါင်း ၃၀၀ကျော်ခန့် ရှိပြီး ထိုအထဲမှ ၁၅ဦးခန့်သာ စနစ်ဟောင်းဖြင့် ကြုံတွေ့၍ လုပ်ငန်းခွင်၌ လုပ်ကိုင်နေရသည်ဟု သိရသည်။

ယင်းသင်တန်းအား အစိုးရ သို့မဟုတ် ပုဂ္ဂလိက များမှ ဖွင့်လှစ်နိုင်သည် ဆိုသော်လည်း ယင်းသင်တန်း ဖြစ်မြောက်ရန် ကုန်ကျစရိတ်သည် ကျပ်သိန်းလေးထောင်ဝန်းကျင်ခန့် ကုန်ကျနိုင်သည်ဟု ကျောင်းသားများက ဆိုသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ၄င်းတို့အနေဖြင့် လွှတ်တော်ကိုယ်စားတဦးဖြစ်သည့် ဒေါက်တာအေးမောင်နှင့် တိုင်ပင်ကာ လွှတ်တော်တွင်း တင်ပြ ဆွေးနွေးသွားရန် စီစဉ် ဆောင်ရွက်ထားသည်ဟု ဆိုသည်။

“အရင်က စနစ်ဟောင်းတုန်းက သဘောင်္ကျင်းမှာ လေးလဒေါက်ဆင်း အရာရှိစာမေးပွဲဖြေ လုပ်ရတယ်။ အခုက အဲ့ဒီလိုမဟုတ်ဘဲ MIO ရဲ့ ပြောင်းလိုက်တဲ့ မူဝါဒအရ ကျောင်းသားတွေအတွက် သင်တန်းက အခက်အခဲ ဖြစ်နေတယ်။ ဖြစ်နိုင်ရင် သင်တန်းကို အစိုးရကပဲ ဖွင့်စေချင်တယ်။ သင်တန်းဖြစ်မြောက်ဖို့ ကုန်ကျစရိတ်က များတဲ့အတွက် အစိုးရကဖွင့်ပေးမှပဲ ဈေးက သက်သာနိုင်မယ်ဟု ကိုဇေယျာထက်က ဆိုသည်။

ရေကြောင်း လျှပ်စစ် အင်ဂျင်နီယာ ဘာသာရပ်အား အထူးပြု ယူထားသော ကျောင်းသား
ဦးရေမှာ နှစ်စဉ် ၅၀ မှ ၇၀ ဝန်းကျင်ခန့်အထိ ရှိသည်ဟု သိရသည်။

 

မင်းဗညား
 



.


Viewing all articles
Browse latest Browse all 5236

Trending Articles