Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

နောက်ဆုံးပေါ် လန်ဒန်နေ့လယ်စာ စားကြမလား

$
0
0
သင့်ရဲ့ ဖုန်းကို ပိတ်ပြီး အပ်လိုက်ပါ၊
သင့်ရဲ့ လက်ဗွေမှတ်တမ်း ယူမယ်၊
ပြီးတော့ သင် ထောင်ထဲကို သွားရတော့မယ်


 ဓာတ်ပုံ- စီအန်အန်

အဲဒီလိုပြောလိုက်လို့ မစိုးရိမ်ပါနဲ့၊ လန်ဒန်က နောက်ဆုံးပေါ် နေ့လယ်စာ သွားစားဖို့အတွက်ပါ။ 

ဒီအကြောင်းစီအန်အန် သတင်းတပုဒ်ကအကျယ်တဝင့် ရေးပြထားပါတယ်။ 

လန်ဒန်ရဲ့ နောက်ဆုံးပေါ် နေ့လယ်စာရောင်းတဲ့ ဆိုင်က ဗြိတိန်နိုင်ငံ Surrey မှာ ရှိတဲ့ High Down နဲ့ Wales နယ်က Cardiff Prison တို့မှာ ဖွင့်လှစ် ထားတာဖြစ်ပြီး The Clink Charityက ဦးစီးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ 

ထောင်စားသောက်ဆိုင်ကတော့ မနက်စာနဲ့ နေ့လယ်စာအတွက်ပဲ တနင်္လာနေ့ကနေ သောကြာနေ့ထိ ဖွင့်လှစ် ပါတယ်။ အစည်းအဝေး ခန်း ၅ ခန်းပါပြီး လူ ၂၄ ဦး ထိ ဝင်ဆန့်ပါတယ်။ 

ထောင်စားသောက်ဆိုင်မှာ မနက်စာနဲ့ နေ့လယ်စာ စားကြမယ်ဆိုရင်တော့ အနည်းဆုံး ၄၈ နာရီ ကြိုတင် မှာကြားရပါမယ်။ ပြီးတော့ အသက် ၁၈ နှစ်နဲ့ အထက်သာပဲ ဆိုင်ထဲ ဝင်ခွင့် ရှိပါတယ်။ 

အဝင်ဂိတ်မှာ ပါ့စ်ပို့တ် ဒါမှမဟုတ် မှတ်ပုံတင် ကတ်ပြား ပြပြီးမှ ဝင်ခွင့်ရပါမယ်။ 

တယ်လီဖုန်း၊ ကင်မရာ၊ အိတ် အကြီးစားတွေ၊ လက်ပ်တော့ပ်၊ ကျွန်ပျူတာနဲ့ အသွားရှိပြီး ချွန်ထက်တဲ့ ပစ္စည်းတွေ ကိုတော့ ဆိုင်ထဲ ယူဖို့ တား မြစ်ထားပါတယ်။ နောက်ထပ် တားမြစ်ချက်က ငွေသား ဒေါ်လာ ၈ဝ ထက်ပိုပြီး ယူလာလို့မရပါဘူး။ စားသောက်ဖွယ်ရာတွေ အတွက်က ဘွတ်ကင်လုပ်ကတည်း က ငွေရှင်း ပြီး သား လုပ်ထားတဲ့ စနစ်ရှိနေလို့ပါ။ 

သင် ဝင်လာတာနဲ့ လက်ဗွေနှိပ်မယ်၊ ဓာတ်ပုံရိုက်မယ် ပြီးတော့ လူတကိုယ်လုံးကို ပုံမှန်အတိုင်း ရှာဖွေရေး လုပ်မယ်။ အသားတွေ၊ ဟင်းလျာတွေနဲ့ စားသောက်တဲ့ ပုံစံအပြင်အဆင်တွေဟာ ထောင်စားသောက်ဆိုင် ဆိုပေမယ့် အတော် သားနား တာကတော့ အမှန်ပါ။ 

ဒါကြောင့်ပဲ နောက်ဆုံးပေါ် လန်ဒန် နေ့လယ်စားဆိုတဲ့ ထောင် အစား အသောက်တွေ ကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်ပါ လိမ့်မယ်လို့ စီအန်အန်က ရေးပြထားတာပါ။ 



ကမ္ဘာပေါ်မှာ လူဦးရေ သန်း ပေါင်း ၆ ထောင်ကျော် ရှိထဲအထဲ ထောင်ကျဖူးသူက သန်း ၁ ထောင် မရှိတာ သေချာပါတယ်။ 

ဒါကြောင့်ပဲ လူတွေက ထောင်အစားအစာကို ထူးထူး ဆန်းဆန်း အဖြစ်နဲ့ စားချင်ကြတယ်ထင်ပါတယ်။ 

ထောင်အစားအသောက်တွေကို ချက်ပြုတ်တဲ့သူကလည်း ထောင်ထဲမှာ အကျဉ်းသားတွေကို ကျွေးတဲ့ လက်ရာမျိုး ချက်တာဆိုထားပေမယ့် ဥရောပအစားအစာတွေရဲ့ လက်ရာတွေဟာ အတော်ကောင်းမယ်ဆိုတာ သေချာပါတယ်။ 


စားသောက်ဆိုင်ထဲ လာစားတဲ့ ဧည့်သည်ကို အကျဉ်းသားတဦးလို ခံစားရအောင်လည်း ဖန်တီးစီမံထားတာမျိုးပါ။ 

မြန်မာပြည်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်ကြီးကို ပြတိုက်ကြီး လုပ်ကာ အဲဒီလို ထောင်အစား အစာရောင်းတဲ့ စားသောက်ဆိုင်တွဲပါတဲ့ ဟိုတယ်ကြီး အနေနဲ့ ဖွင့်လိုက်ရင် ကမ္ဘာပေါ်မှာ နာမည် အကြီးဆုံးနဲ့ ဝင်ငွေ အကောင်းဆုံး လုပ်ငန်းတခုများ ဖြစ်လေမလားလို့ တွေးမိရပါတယ်။ 










အိမ့်သံစဉ် ~ 








Viewing all articles
Browse latest Browse all 5236

Trending Articles