Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပုဒ်မ ၄၃၆ ဘာကြောင့် လူကြိုက်နည်းရသလဲ

$
0
0
~


 
 



ဗိုလ်ချုပ်ကြီးတို့ စိမ်ပြေနပြေ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေထဲက  ပုဒ်မ ၄၃၆ ကို ဘာကြောင့် လူကြိုက်နည်းနေရတာလဲ။ ဘာများ အရေးကြီးနေလို့လဲ။

၄၃၆ မှာ ဘာတွေများ ရေးထားလို့လဲ။

အခြေခံဥပဒေပါပုဒ်မများကို ပြင်မယ် ဆိုရင် -
၁။  ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့  ၇၅% ကျော်က ပြင်ဆင်ရန် သဘောတူရမယ်
၂။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး မဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက်ကျော်က ထောက်ခံရမယ်...

အဲဒီလို   ပြဋ္ဌာန်းထားတာပါ။

လွှတ်တော်ထဲမှာ တပ်မတော်ကပို့ထားတဲ့ကိုယ်စားလှယ်က ၂၅ % ရှိပါတယ်။ သူတို့ ထဲက တချို့ ထောက်ခံမှသာ ပြင်ဆင်ရေး အစပြုနိုင်မှာပါ။ 

ပြင်ကြမှာစိုးလို့ ပြင်ရခက်ခဲအောင်လို့ ဗိုလ်ချုပ်ကြီးတို့က အပိုင် လုပ်ထားခြင်းပါ။
စိတ်ကူးကောင်းလိုက်လေခြင်း။

(အခြေခံဥပဒေအကြောင်း နိုင်ငံတကာမှာ လေ့လာကြတဲ့အခါ မြန်မာပြည်ကဟာကြီးကိုလည်း အံ့သြတကြီး ထည့်ပြီး လေ့လာကြမှာ အသေအချာပါပဲ။
အထူးသဖြင့် အဲဒီ ၄၃၆ ကို လေ့လာကြမှာပေါ့။ ဂုဏ်ယူစမ်းကွာ)




မြန်မာနိုင်ငံရေးသမားတချို့က အဲဒီ ၄၃၆ နဲ့ ပတ်သက်ပြီး ဧရာဝတီသတင်းဌာနကို မကြာသေးခင်က ပြောပြထားကြပါတယ်။ အဲဒီထဲက ကောက်နုတ်ချက် ၂ ခုကို ဖော်ပြပေးလိုက်ပါတယ်။

“ပုဒ်မ ၄၃၆ ကို ပြင်ရမယ် ဆိုတာ မှန်ပါတယ်။ ဒီပုဒ်မကို အရင် မပြင်လို့ ရှိရင် ကျန်တဲ့ဟာတွေကို ဘယ်လို ပြင်ကြမလဲ”
ဒေါ်သန်းသန်းနု
ဒီမိုကရက်တစ်ပါတီ(မြန်မာ)

“ပုဒ်မ ၄၃၆ ကိုမှ မပြင်နိုင်ရင်  တိုင်းရင်းသား တန်းတူရေး၊ ဖယ်ဒရယ် ပြည်ထောင်စုတို့ ဆိုတာ လုံးဝ မရနိုင်ဘူး၊
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လုပ်ငန်းစဉ်ဟာ  ရှစ်လေးလုံး ငွေရတုရဲ့ လုပ်ငန်းစဉ်လည်း ဖြစ်တော့ ကျနော်တို့ အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပူးပေါင်းတာ ကနဦး ခြေလှမ်း ဖြစ်တယ်၊
နောက်ဆက်တွဲ အနေနဲ့ လူထု လိုက်ပါလာနိုင်ဖို့၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသား အင်အားစုတွေ လိုက်ပါ လာနိုင်ဖို့ကို ကြိုးစားသွားမှာပါ”

 ကိုဂျင်မီ
 ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
 



.


Viewing all articles
Browse latest Browse all 5236

Trending Articles