Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

၄၃၆ နဲ့ ၅၉ တို့ကို ပုသိမ်မှာလည်း ကန့်ကွက်ကြပြီ

$
0
0
~





ခြေဥ လို့ အတိုကောက် ခေါ်ကြတဲ့ အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ လူအင်အား ၅၀၀ ကျော်နဲ့ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
 -
 


 


ပုသိမ်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဇော်မိုးက ဦးဆောင် ဆန္ဒပြခဲ့တာဖြစ်ပြီး ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းအဖွဲ့ဝင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပါဝင်ကြပါတယ်။

  ဆန္ဒပြသူတွေက နံနက် ၈ နာရီဝန်းကျင်ကတည်းက ပုသိမ်မြို့တော်ခန်းမရှေ့မှာ စုစည်းပြီး ၁၀ နာရီအချိန်မှာတော့
“ဒီမိုကရေစီစံနှုန်းပြည့်ဖွဲ့စည်းပုံဖြစ်ပေါ်လာရေး”
“ပုဒ်မ ၄၃၆ ပြင်ဆင်ရေး”
“ပုဒ်မ ၅၉ (ဃ)၊ (စ) ပြင်ဆင်ရေး”စတဲ့ ကြွေးကြော်သံတွေအော်ဟစ်ပြီး မြို့ထဲကို လှည့်လည်ကြတာပါ။

  ဒါ့အပြင်   သဘောထား ကြေညာချက်တခုကိုလည်း ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

  ကြေညာချက်မှာ...

  ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကနေပြီး ရဟန်း၊ ရှင်၊ လူ၊ ကျောင်းသားနဲ့ တိုင်းရင်းသားပြည်သူအပေါင်းတို့ရဲ့ ဒီမိုကရေစီရေး မဆုတ်မနစ်ကြိုးပမ်းမှု အသီးအပွင့်အဖြစ် လက်ရှိအာဏာရအစိုးရက ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊

  တိုင်းရင်းသားပြည်သူတွေလိုလားချက်အရ စစ်မှန်သော ဒီမိုကရေစီနိုင်ငံကို ကူးပြောင်းရာမှာ စစ်အုပ်ချုပ်ရေးကာလကရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံက အတားအဆီး အနှောင့်အယှက်ဖြစ်နေတာကို နိုင်ငံရေးအင်အားစုအသီးသီးက ဖွင့်ဟပြောဆိုထားပြီးဖြစ်သလို ဖွဲ့စည်းပုံပြင်ဆင်ရေးကိုလည်း အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း၊

ပြည်သူတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို..

(က) ဒီမိုကရေစီစံနှုန်းများဖြင့် အပြည့်အ၀ကိုက်ညီရေး၊

(ခ) ပြည်သူ့အခွင့်အရေး အာမခံချက်များ ပြည့်စုံလုံလောက်စွာပါရှိရေး၊

(ဂ) တိုင်းရင်းသားပြည်သူလူထုတရပ်လုံး တန်းတူညီမျှနှင့်ငြိမ်းချမ်းသာယာစွာ အတူတကွနေနိုင်ရေး၊

(ဃ) ပြည်သူလူထုအကျိုးကို အကောင်းဆုံးစွမ်းဆောင်နိုင်သူများကို ပြည်သူ့ဆန္ဒအရ အကြီးအကဲ တင်မြှောက်နိုင်ခွင့်ရှိရေး၊

(င) ဥပဒေသဘောသဘာဝ ခိုင်မာ အားကောင်းသော၊ ပြည်သူအများစု၏ ဆန္ဒနှင့် အညီ ပြင်လွယ်၊ ပြောင်းလွယ်သော ဖွဲ့စည်းပုံဖြစ်ရေး - ကို လိုလားကြောင်း၊

“ပြည်သူ့အသံ၊ လွှတ်တော်အသံ”ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်များမှ ကြားသိ၊ ဆောင်ရွက်နိုင်ရန် မိမိတို့ပြည်သူများ၏ဆန္ဒကို ပွင့်လင်းရိုးသားစွာ ဖော်ထုတ်ရပါကြောင်း ရေးသားထားပါတယ်။

  ပုသိမ်မြို့တော်ခန်းမရှေ့ကနေ နံနက် ၉ နာရီခွဲကတည်းက စတင်ခဲ့တဲ့ ဆန္ဒပြပွဲဟာ မနက် ၁၁ ခွဲ   မြို့တော်ခန်းမရှေ့မှာပဲ ပြီးဆုံးခဲ့ပါတယ်။

  • ဆက်စပ် -

ပုဒ်မ ၄၃၆ ဘာကြောင့် လူကြိုက်နည်းရသလဲ
http://blog.irrawaddy.org/2014/02/blog-post_9131.html

ဆလိုင်းသန့်စင် 


 



.


Viewing all articles
Browse latest Browse all 5236

Trending Articles