Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

စာပေကင်ပေတိုင်တို့ မြန်မာ့အလင်းနဲ့ကြေးမုံမှာ သွားထိုင်ပြီ

$
0
0
~




မြန်မာစာပေလောကကို ကောင်းကောင်းကြီး ဒုက္ခပေးခဲ့တဲ့ စာပေစိစစ်ရေးဌာန အရာရှိ ကြီးငယ်တို့ ဘယ်ကမ္ဘာရောက်သွားကြပြီလဲ။
 -


 -

သူတို့တွေ  မြန်မာ့အလင်းနဲ့ကြေးမုံကို ရွှေ့သွားကြပြီလို့ ယူဆရပါတယ်။ ဒီအကြောင်း http://www.irrawaddy.org/burma/govt-newspapers-alter-ads-referencing-human-rights-corruption.htmlမှာ ဖတ်နိုင်ပါတယ်။

သတင်းထဲမှာတော့ အဲသလို တည့်တည့် ရေးမထားပါဘူး။
Govt Newspapers Alter Ads Referencing Human Rights, Corruptionဆိုတဲ့ အဲဒီသတင်းထဲမှာ လူ့အခွင့်အရေး၊ အဂတိလိုက်စားမှု အစရှိတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်တဲ့ ကြော်ငြာများကို အစိုးရအာဘော်မြန်မာ့အလင်းကြေးမုံတို့က ဆင်ဆာဖြတ်နေတယ်လို့ ပုဂ္ဂလိကမီဒီယာတွေက ပြောတဲ့အကြောင်း ရေးထားတာပါ။

မြန်မာ့အလင်းကြေးမုံတို့က စစ်အစိုးရအဆက်ဆက်ရဲ့ ၀ါဒဖြန့်ချိရေးသတင်းစာတွေ ဖြစ်ခဲ့တာပါ။ အခု အရပ်ဝတ်ဦးသိန်းစိန်တို့လက်ထက်မှာလည်း အစိုးရအာဘော် ဖြစ်နေဆဲပါပဲ။

နေ့စဉ်ထုတ်သတင်းစာလောကကို နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်ထားတဲ့အတွက်  ဈေးကွက်ဦး၊ စောင်ရေလည်းများ၊ နယ်စုံလည်း ရောက်ပါတယ်။
စောင်ရေ သုံးသိန်းဝန်းကျင်ရှိတဲ့အတွက် ကြော်ငြာထည့်လိုသူများအကြိုက်ဖြစ်နေတာပါ။

ပြီးခဲ့တဲ့လတွေအတွင်း ကြော်ငြာတွေကို ဆင်ဆာဖြတ်တာ မကြာခဏပါ။

ဒီအကြောင်း ရန်ကုန်အခြေစိုက် Human Rights and Democracy journal, မော်ကွန်း၊ ပဲ့တင်သံ အစရှိတဲ့ စာစောင်တွေရဲ့ အယ်ဒီတာများနဲ့ ဆက်သွယ်မေးမြန်းချက်တွေကို သတင်းထဲ တွေ့ရမှာပါ။
သူတို့ရဲ့ ကြော်ငြာတွေ သတင်းစာမှာ ထည့်တဲ့အခါ စာသားတချို့ စကားလုံးတချို့ အဖြုတ်ခံရတာ၊ ပိုယဉ်ကျေးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ စကားလုံးပြင်ခိုင်းတာမျိုးတွေ ကြုံရပါတယ် တဲ့။

သတင်းအနှစ်ချုပ်ကတော့ အဲဒါပါပဲ။ အပြည့်အစုံကို  http://www.irrawaddy.org/burma/govt-newspapers-alter-ads-referencing-human-rights-corruption.htmlမှာ ဖတ်နိုင်ပါတယ်။
 -

 


 -
ကြော်ငြာလေးကိုတောင် အထိတ်တလန့် ဖြတ်ညှပ်ကပ်နေပြီဆိုတော့ လုံခြုံရေးအရ၊ လျှို့ဝှက်ချက်ဥပဒေအရ ဆိုပြီး ဖမ်းဆီးတာမျိုးတောင် လုပ်လာတော့မှာလားလို့ မေးစရာပါပဲ။

ဦးသိန်းစိန်တို့ပြောတဲ့ အပြောင်းအလဲ ဆိုတာ ဒါပဲလား။

ဒါမှမဟုတ် ဦးသိန်းစိန်တို့ဖော်ဆောင်နေတဲ့ အပြောင်းအလဲကို  မြန်မာ့အလင်းနဲ့ကြေးမုံတို့က သိပ်နားမလည်တာလား။
နားလည်သော်လည်း အထက်အထက်သောအရာရှိများက မီးစိမ်းမပြသေးတာလား စသဖြင့် စသဖြင့်သော မေးခွန်းများ ထွက်ပေါ်လာပါတယ်။



.


Viewing all articles
Browse latest Browse all 5236

Trending Articles