Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရခိုင်ခေါင်းဆောင် ၂ ဦး မလေးရှားမှာ သေနတ်ပစ်ခတ်ခံရမှုက လွတ်မြောက်

$
0
0

မလေးရှားနိုင်ငံကို ခေတ္တအလည်အပတ် ရောက်နေတဲ့ ဒေါက်တာအေးမောင်နဲ့ ဦးအေးသာအောင်တို့ ကို ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေပိုင်းက ကွာလာလမ်ပူမြို့က ကုန်တိုက်တခုက အထွက်မှာ အမည် မသိ သေနတ်သမား တချို့ရဲ့ သေနတ်နဲ့ ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပါတယ်။ 


ဆိုင်ကယ်စီး သေနတ်သမားနဲ့ ကားတစီးပေါ်က သေနတ်သမား တို့ဟာ ကုန်တိုက်တခုက ထွက်လာတဲ့ အဆိုပါ ရခိုင် ခေါင်းဆောင် ၂ ဦးကို သေနတ်နဲ့ ၈ ချက် ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့တယ်လို့ Coral Arakan News သတင်း တပုဒ်မှာဖော်ပြပါတယ်။ 

ဒါပေမယ့် ရခိုင်ခေါင်းဆောင်တွေဟာ ဘာမှ ထိခိုက်ဒဏ်ရာ ရခဲ့ခြင်းလည်း မရှိခဲ့ဘူးပဲ မလေးရှားနိုင်ငံ 
မြန်မာ သံရုံးမှာ လုံခြုံစွာ ရှိနေပြီလို့ သတင်းရပါတယ်။ 

သေနတ်သမားတွေဟာ ဘယ်သူတွေ ဖြစ်တယ်ဆိုတာ မသိရပေမယ့် မြန်မာစကားနဲ့ “ ပြေး” လို့ အော်ဟစ် ထွက်ပြေးသွားကြတာဖြစ်တယ်လို့ အဆိုပါ သတင်းက ဖော်ပြထားပါတယ်။ 

မလေးရှားရောက် ရခိုင်များရဲ့ ဖိတ်ခေါ်မှုနဲ့ ဒေါက်တာ အေးမောင်နဲ့ ဦးအေးသာအောင် တို့ဟာ မလေးရှား ကို သွားရောက်ခဲ့ကြတာဖြစ်ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ မြန်မာနိုင်ငံကို ပြန်လာမှာဖြစ်တယ်လို့ စုံစမ်း သိရှိရပါတယ်။ 

မလေးရှားက လာတဲ့ သတင်းတွေအရ ရခိုင် ခေါင်းဆောင် ၂ ဦးလုံးဟာ လုံခြုံတဲ့ နေရာမှာ ရောက်နေပြီ 
ဖြစ်တယ်လို့ မလေးရှားက ရခိုင်သတင်းရပ်ကွက်တွေက ပြောပါတယ်။ 

အခု တိုက်ခိုက်ပစ်ခတ်မှုကြောင့် ရခိုင် ခေါင်းဆောင် ၂ ဦး စီးနင်းလိုက်ပါလာတဲ့ ကားမှာတော့ သေနတ် ကျည်ဆံတွေ ထိမှန်သွားခဲ့လို့ အနည်း ငယ်ပျက်စီးမှု ရှိတယ်လို့ ရခိုင်သတင်းရပ်ကွက်က ပြောကြပါတယ်။



အိမ့်သံစဉ် ~ 


 





Viewing all articles
Browse latest Browse all 5236

Trending Articles