Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကျပ် သိန်းပေါင်း ၇၅ဝ ကျော် တန်တဲ့ ခွေး

$
0
0

ခွေးတကောင်ကို ဘတ် ၁၅ သိန်း( မြန်မာကျပ်ငွေ သိန်းပေါင်း ၇၅ဝ ကျော် ) တန်တယ်ဆိုရင် ယုံကြည်နိုင်ပါ့မလား။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ  Alaskan Malamute အမျိုးအစား ခွေးကို ဘတ် ၁၅ သိန်းတန်ကြောင်း ပြသ ထားပါတယ်။ 


 ဘတ် ၁၅ သိန်းတန် ခွေး၊ ဓာတ်ပုံ- အိမ့်သံစဉ်/ ဧရာဝတီ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ဆောင်းရာသီ ဈေးပွဲတော်မှာ အမေရိကန်ပြည်ထောင်စုက Alaskan Malamute ဆိုတဲ့ ခွေးတကောင်ကို  အခုလို ပြသ ထားတာပါ။ 



ဒီ
Alaskan Malamute ခွေးတန်ကြေးဟာ မြန်မာနိုင်ငံ ရန်ကုန်မြို့က အသင့်အတင့် ကွန်ဒိုတိုက်ခန်း တခန်း ဈေးပတ်ဝန်းကျင်ဖြစ်နေပါတယ်။

ဒီအပြင် ဒီခွေးတန်ဘိုးဟာ ကား Show Room တွေဖြစ်တဲ့ ချက်ပလက်၊ ဖို့ဒ် စတဲ့ ကျပ် သိန်း ၂ဝဝ ကျော်တန် ကား အသစ် ၃ စီးကျော်ဘိုး တန်ကြေးနဲ့ ညီမျှနေတယ်လို့ ပြောရင်လည်း ရပါတယ်။ 




ပြသထားတဲ့ 
Alaskan Malamuteခွေးဟာ အသက် ၁ နှစ် ၆ လ သာ ရှိသေးပြီး သာမန် မြန်မာခွေးတွေထက် ၄ ဆလောက် ကြီး မားပါ တယ်။ ဒီခွေးမျိုးဟာ အကောင်ကြီးသလို ခွန်အားကြီးပြီး နှင်းတောတွေ ထဲမှာ အမဲလိုက်ဖို့ အသုံးပြုတဲ့ အခါတွေလည်း သုံးလို့ရပါတယ်။ 
အဲဒီ Alaskan Malamuteခွေးမျိုးဟာ အာတိတ်သမုဒ္ဒရာက Canadian Eskimo ၊ Siberian Husky နဲ့ Samoyed တို့ လို ခွေးမျိုးတွေနဲ့လည်း သဏ္ဍန်အားဖြင့် တူပါတယ်။ ဒါပေမယ့် မျိုးစိတ်အားဖြင့် ကွဲပြားပါတယ်။ 

အိမ်မှာမွေးတဲ့အခါ အသိဥာဏ်မြင့်မားတဲ့ ခွေးမျိုး ဖြစ်လို့ သင်ကြားရတာလည်း အလွန်လွယ်ကူသလို အဖော်အဖြစ်လည်း အားကိုးလို့ ရပါတယ်။ 

ဒီ Alaskan Malamute ခွေးမျိုးရဲ့ သက်တမ်းကလည်း အနည်းဆုံး ၁၆ နှစ်ကနေ ၁၈ နှစ်အထိ ရှိတယ်လို့ သိရပါတယ်။

ဒီခွေးမျိုးတွေရဲ့ ဇာတိက အမေရိကန်ပြည်ထောင်စု အာလစကာ ပြည်နယ် အနောက်ပိုင်းက ဖြစ်ပြီး တချိန်က အက်စကီမိုလူမျိုးတွေကလည်း ဒီခွေး မျိုးကို အသုံးပြုခဲ့ကြတယ်လို့ မှတ်တမ်းတွေက ဖော်ပြထားပါတယ်။ 




အိမ့်သံစဉ် ~ 




ဧရာဝတီ Facebook
 / ဧရာဝတီ Twitter


 

Viewing all articles
Browse latest Browse all 5236

Trending Articles