Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မီးဘေးသင့်သူတွေအတွက် လှူဒါန်းမယ့် ခင်ဇော်လတ်ရဲ့တကိုယ်ပန်းချီပြပွဲ

$
0
0


ပန်းချီဆရာ ခင်ဇော်လတ်ရဲ့ “Giving a Hand” Fund Raising Exhibition လို့ အမည်ပေးထားတဲ့ ရန်ပုံငွေ ရှာဖွေရေး တကိုယ်တော် ပန်းချီပြပွဲကို ဇန်န၀ါရီ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ KZL အနုပညာ 
ပြခန်းမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ 



လွန်ခဲ့သော နှစ်ပတ်ခန့် (၃၀ - ၁၂- ၂၀၁၃) ရက်နေ့က ၎င်း၏ ဇာတိ ဖြစ်သော လပွတ္တာမြို့နယ်၊ ကန်ဘက်
ကျေးရွာမှာ လောင်ကျွမ်းခဲ့လို့  မီးဘေးကြောင့် အိမ်နှင့် ဆိုင်ခန်းပေါင်း ၂၃၀ကျော် မီးလောင် ပျက်စီး ဆုံးခဲ့ ရပြီး လူများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ 

ထိုမီးဘေးသင့် ရွာသူရွာသားများအား ကိုယ်တတ်နိုင်သလောက်ကူညီနိုင်ရန် ဒီပြပွဲလေးကို လုပ်ဖြစ်ရခြင်း
ဖြစ်တယ်လို့ သိရပါတယ်။ 



ပြပွဲမှာ သူ၏ ပန်းချီကားပေါင်း၂၀ ပြသရောင်းချမှာဖြစ်ပြီး ရောင်း၍ရရှိသောငွေအားလုံးကို မီးဘေးသင့် ခံရသည့် ရွာသူရွာသားများ ပြန်လည်ထူထောင်ရေး အတွက် လှူဒါန်းသွားမှာဖြစ်ပါတယ်။ 

ယင်း ပန်းချီကား ၂၀ ထဲမှ ၄ ကားတွဲ ပန်းချီကား တစ်ကားကို လေလံ (Auction) ပုံစံဖြင့် ရောင်းချပေးသွား မှာ ဖြစ် တယ်လို့ သိရပါတယ်။

ပြခန်း လိပ်စာက အမှတ် ၁၈၄/၈၄(က)၊ ရွေတောင်းကုန်းရိပ်သာ၊ သံလွင်လမ်း၊ ရွှေတောင်ကြား(၂) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန် ဖြစ်ပြီး ဖုန်း- 01 2304105, 095156571 တို့ကိုလည်းဆက်သွယ်နိုင်
ကြောင်း သိရပါတယ်။ 






Viewing all articles
Browse latest Browse all 5236

Trending Articles