Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဖားကန့်မှာ အစိုးရတပ်အချင်းချင်း ပစ်ခတ်မှု ၆ ဦးသေ

$
0
0
အစိုးရစစ်တပ် တပ်သားအချင်းချင်း ပစ်ခတ်မှုကြောင့် ၆ ဦးသေဆုံးမှုတခု ကချင်ပြည်နယ် ဖားကန့်မြို့ရှိ နမ့်ယားရွာတွင် စနေနေ့ မနက်လင်းအားကြီးတွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများအဆိုအရ သိရသည်။


 ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက်စိမ်းတူးနေကြတဲ့ တနေရာ၊ ဓာတ်ပုံ- စောရန်နိုင်/ ဧရာဝတီ

အဆိုပါသတင်းကို ဧရာဝတီ အင်္ဂလိပ်ပိုင်း http://www.irrawaddy.org/burma/six-burma-army-troops-killed-friendly-fire-incident.htmlမှာ သတင်းထောက် ငြိမ်းငြိမ်းက Six Burma Army Troops Killed in ‘Friendly Fire’ Incidentသတင်းပို့ခဲ့တာကို ပြန်လည် ဘာသာပြန် တင်ပြလိုက်ပါတယ်။ 

ဖားကန့်မြို့ အရှေ့ဘက် မိုင် ၂၀ ခန့်အကွာရှိ နမ့်ယားရွာလည် ဘုန်းကြီးကျောင်းတွင် တပ်စခန်းချထားသော အစိုးရတပ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

မနက် ၄ နာရီခန့်တွင် ကင်းစောင့်တပ်သားက ကေအိုင်အေ တပ်လာရောက်သည်ဟုထင်ကာ မှားယွင်း ပစ်ခတ်ရာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ရင်း သေဆုံးရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 

စစ်သား ၄ ဦး ပွဲချင်းပြီးသေဆုံးပြီး ဒဏ်ရာပြင်းထန်သည့်နောက်ထပ် ၂ ဦးမှာ မနက်လင်းချိန်တွင် ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။ 

ဒဏ်ရာရထားသည့် နောက်ထပ် ၂ ဦးကတော့ အသက်ရှင်နေသေးသည်ဟု ဆိုသည်။ 

“လက်နက်ကြီးတလုံးက တပ်အပြင်ဘက် ၁ မိုင်လောက်ကို ကျတယ်။ နောက်တလုံးကျတော့ လိုရာ မရောက်ဘဲ အဲ့နားမှာတင် ကွဲလို့ ဒီ ၆ ဦးသေတာ။ အရာရှိ တယောက်ပါတယ်လို့ကြားတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖားကန့်မြို့နယ် ဒုဥက္ကဌ ဦးတင်စိုးက ဧရာဝတီကို ပြောပါတယ်။ 

ဒါပေမယ့် ကံကောင်းစွာပဲနမ့်ယားရွာက ရွာတန်းရှည် ဖြစ်တာကြောင့် ရွာသားတွေ ထိခိုက်မှုတော့မရှိပါဘူး။ ဒါပေမယ့် စစ်သားတွေက မြောက်ပိုင်းတိုင်း တိုင်းမှူးဆီ အစီရင်ခံတဲ့အခါ KIA တွေနဲ့တိုက်ပွဲဖြစ်တာလို့ အစီရင်ခံကြောင်း သိရပီး တိုင်းရင်းသားတွေကတော့ ဒါဟာ အချင်းချင်း ပစ်ခတ်မှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ပစ်ခတ်မှု ဖြစ်တဲ့ အစိုးရတပ်ရင်း တပ်ခွဲနဲ့ ကေအိုင်အေ တပ်ရင်း ၆ က လေးမိုင်လောက်ဝေးတဲ့နေရာမှာဖြစ်ပြီး ကေအိုင်အေအနေနဲ့ ဒီပစ်ခတ်မှုနဲ့ပတ်သက်မှု မရှိကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်တဦးဖြစ်တဲ့ လမိုင်ဂွမ်ဂျာက ဧရာဝတီကို ပြောပါတယ်။ 

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ G1 က သူ့ထံ ဖုန်းဆက်မေးမြန်းခဲ့တာကြောင့် ကေအိုင်အေ တပ်ရင်း ၆ ကို သွားရောက်မေးမြန်းစုံစမ်းခဲ့ကြောင်း၊ တပ်ရင်း ၆ တပ်ရင်းမှူးက သူတို့ပါဝင်ပတ်သက်မှုမရှိကြောင်း ပြောဆိုတာကို ဂျီဝမ်း ထံ အကြောင်းပြန်ပီး ဖြစ်ကြောင်းလည်း လမိုင်ဂွမ်ဂျာက ဆိုသည်။ 

“ကေအိုင်အေ ဗဟိုက ငြိမ်းချမ်းရေးဆွေးနွေးနေစဉ်အတွင်း အောက်ခြေတပ်များ တိုက်ခိုက်မှု လျော့ချဖို့ အမိန့်ညွှန်ကြားထားတယ်။ အမိန့်ကို မလိုက်နာရင် သူတို့ သေဒဏ်ပေးခံရမယ်ဆိုတာ သိတဲ့အတွက် ဒီပစ်ခတ်မှုမျိုး မလုပ်ဖူးဆိုတာ ပြောတယ်” ဟု လမိုင်ဂွမ်ဂျာက ဆိုသည်။ 

လွန်ခဲ့တဲ့နှစ် ကေအိုင်အိုနဲ့အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်စကတည်းက ဖားကန့်တွင် တိုက်ပွဲတွေ ငြိမ်သက်နေတာ ဖြစ်ပြီး ဥရုချောင်းသာချားနေသည့် နှစ်ဖက်တပ်စခန်းအချင်းချင်း ရင်းနှီးချစ်ခင်မှုကို မြင်ရကြောင်း ဒေသခံများအဆိုအရ သိရသည်။ 

ဖားကန့်တွင် တပ်ရင်း ၁၀ ရင်းခန့် လှုပ်ရှားနေပြီး တနေရာနှင့်တနေရာ ပြောင်းရွှေ့မှုများရှိသဖြင့် ယခု 
ဖြစ်ရပ်တွင် မည်သည့်တပ်ရင်းဆိုသည်ကိုတော့ ရွာသားများက အတည်မပြုနိုင်ပေ။

ကျောက်စိမ်းထွက်ရာ ဖားကန့်တွင် စီးပွားရေးအာဏာလုခြင်းများ ဖြစ်ပေါ်နေပြီး ယခင်ကလည်း ပြဿနာ တစုံတရာ ဖြစ်ပေါ်လာပါက ကေအိုင်အေ တပ်များကိုသာ အပြစ်ပုံချခြင်းများ ရှိခဲ့သည်။ 


ငြိမ်းငြိမ်း ~ 






Viewing all articles
Browse latest Browse all 5236

Trending Articles