Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ၈၈ ငြိမ်း/ပွင့် ရဲ့ သဝဏ်လွှာ

$
0
0
  
ဒီကနေ့ ကျရောက်တဲ့ ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့ အဖွဲ့အစည်းက သဝဏ်လွှာတစောင် ပေးပို့ပါတယ်။ 


 သဝဏ်လွှာ အပြည့်အစုံကို ၈၈ ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ဖော်ပြထားပါတယ်။ 


(၆၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ပေးပို့သော သ၀ဏ်လွှာ


လွန်ခဲ့သော(၆၆)နှစ်၊ ဤနေ့ဤရက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် လွတ်လပ်ရေးရခဲ့သည်။ နိုင်ငံရေး အရ ပါတီစုံဒီမိုကရေစီ (ပါလီမန်ဒီမိုကရေစီ) စနစ်ဖြင့် နိုင်ငံသစ်ကိုဖွင့်လှစ်ခဲ့သည်။ 
 
ဤလွတ်လပ်ရေးနှင့်အတူပင် နိုင်ငံရေး သဘောထားကွဲလွဲမှုများကြောင့်ဖစ်ပေါ်လာသော ပြည်တွင်းစစ်၏ အနိဋ္ဌာရုံများကို ယနေ့တိုင် ခံစားနေကြရဆဲဖြစ်သည်။ ပါတီစုံဒီမိုကရေစီ အရှိန်ယူနေစဉ် မရင့်ကျက်မီမှာ ပင် ပြည်တွင်း စစ်ကို အကြောင်းပြု၍ စစ်တပ်၏အခန်းကဏ္ဍ ကြီးထွားလာခဲ့သည်။ 
 
၁၉၆၂ ခုနှစ် စစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး အဖက်ဖက်မှ ယိုယွင်းလာခဲ့ သည် မှာ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအဆင့်ထိ လျောကျခဲ့ရသည်။ ထို့ကြောင့်လည်း “ရှစ်လေးလုံး အရေးတော်ပုံကြီး”
ဖြစ်ပွားပြီး နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို တောင်းဆိုခဲ့ကြသည်။

ယနေ့ကာလသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အကဲဆတ်သော အခြေအနေဖြစ်နေသည်။ တစ်ဖက်သတ်ရေးဆွဲအတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေး၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်ကျင်းပပေးနိုင်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စသည့် သိမ်မွေ့နက်နဲသောပြဿနာများကို နိုင်ငံရေးအင်အားစုများအားလုံး ပါဝင်တွေ့ဆုံဆွေးနွေးမှုများဖြင့်သာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်သည်။

သို့မှသာ လွတ်လပ်ရေး၏အရသာကို တိုင်းရင်းသားပြည်သူများအားလုံး စစ်မှန်စွာခံစားကြရမည်ဖြစ်သည်။ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော ပြည်တွင်းစစ်မီးကို ငြိမ်းသတ်နိုင်ပြီး၊ မျှတသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံသားတိုင်းခံစားနိုင်ကြစေရန် ဤ(၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယ တွင် ဆန္ဒပြုလိုက်ရပေသည်။ 
 
 
၈၈  မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)
 
 
 
 
 


Viewing all articles
Browse latest Browse all 5236

Trending Articles