Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပြည်ခိုင်ဖြိုးပါတီကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ရေး ဆုံးဖြတ်

$
0
0
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကန့်သတ်ခံထားရတဲ့ ပုဒ်မ ၅၉ စ အပါအဝင် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက် ၇၃ ချက်ကို ပြန်လည်ပြင်ဆင်ဖို့၊ ပယ်ဖျက်ဖို့အတွက် အာဏာရ ပြည်ခိုင်ဖြိုးပါတီ ရဲ့ ဗဟို ကော်မတီ အစည်း အဝေးကနေ ဆုံးဖြတ်လိုက်တယ်။ 

 ပြည်ခိုင်ဖြိုးပါတီရဲ့ မူလ ပြည်ခိုင်ဖြိုးအသင်း အမှတ်တံဆိပ်

ပြည်ခိုင်ဖြိုး ပါတီရဲ့ ဗဟို ကော်မတီအစည်းအဝေ ဒုတိယအကြိမ်ကို အခု ဒီဇင်ဘာလကုန်ပိုင်းမှာ ကျင်းပ ခဲ့တာ ဖြစ်ပြီး လွှတ်တော်တွင်းမှာ အများစု အနိုင်ရပါတီကြီးက အခုလို ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးပမ်းချက် အပေါ် NLD နဲ့ အခြား အတိုက်အခံ အင်အားစုတွေကလည်း သဘောတူထောက်ခံကြမှာ သေချာပါတယ်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတအရည်အချင်း ပြဋ္ဌာန်းချက်ပုဒ်မ ၅၉ (စ) မှာ 

"မိမိကိုယ်တိုင် သော် လည်း ကောင်း၊ မိမိ၏ မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်း ကောင်း၊ မိမိ၏ တရားဝင် သားသမီး တဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သား၊ သမီး တဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်း ကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေ သူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတပါး ၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ"ဟု ပြဋ္ဌာန်းထားပြီး 

ယင်း ပြဋ္ဌာန်းချက်သည် နိုင်ငံခြားသား သား ၂ ဦး ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည် အတွက် သမ္မတ
လောင်းဖြစ်ခွင့် အခွင့်အရေးကို တားဆီးထားတာပါ။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သား ၂ ဦးတို့ ဟာ အစဉ်တစိုက် မြန်မာနိုင်ငံသားအဖြစ်သာ ရှိခဲ့ရာက ၁၉၈၉ ခုနှစ် ကမှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ၂ ဦးကို မြန်မာနိုင်ငံသား အဖြစ်က ပယ်ဖျက်ခဲ့လို့ ဖခင်ဖြစ်သူ ဒေါက်တာမိုက်ကယ်အဲရစ်က ဗြိတိန်
နိုင်ငံသားဖြစ်နေတာကြောင့် သူတို့ ၂ ဦးဟာ ဗြိတိန်နိုင်ငံသားအဖြစ် ခံယူခဲ့ရ တာဖြစ်တယ်လို့ သိရပါ တယ်။ 

ဖွဲ့စည်းပုံ ပြင်ဆင်ရေး တောက်လျှောက် ပြောလာနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီက မကြာသေး ခင် က ပဲ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်သည်ဖြစ်စေ၊ မပြင်ဆင်သည်ဖြစ်စေ လာမယ့် ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲ ကို ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ပြောခဲ့ပါတယ်။ 

NLD အနေနဲ့ ပြိုင်ဖက် ပြည်ခိုင်ဖြိုးပါတီနဲ့ နှလုံးရည် အရ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး တိုက်ပွဲတွေ ပြင်းထန်
နိုင် တယ် လို့လည်း ထိုနေ့က သတင်းစာ ရှင်းလင်းပွဲမှာ NLD ပြောခွင့်ရ ဦးဥာဏ်ဝင်းက ပြောသွားပါတယ်။ 

NLD ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အကန့်အသတ်ဖြစ်နေတဲ့ ပုဒ်မ ၅၉ စ လုံးအပါ အ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်လိုသော အချက် ၁၆၈ ချက် ရှိတယ်လို့လည်း ပြောပါတယ်။ 


အိမ့်သံစဉ် ~ 







Viewing all articles
Browse latest Browse all 5236

Trending Articles