Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

နေပြည်တော်ရဲ့ ဆီးဂိမ်း သယ်ယူပို့ဆောင်ရေး

$
0
0
 ~




အရှေ့တောင်အာရှ အားကစားပွဲကြီးနေပြည်တော်မှာ ကျင်းပနေတာ အင်မတန် သင့်လျော်ပါတယ်။

ဒေသတွင်း ၁၁ နိုင်ငံက အားကစားသမားတွေအတွက် တကယ့်နေရာကောင်းပါပဲ တဲ့။

မလေးရှားသတင်းဌာန အွန်လိုင်း www.thestar.com.my  မှာ ချီးကျူးထားပါတယ်။


နေပြည်တော်ကားလမ်းမကြီးတွေက ၁၆ လမ်းသွား လမ်းမကြီး ဖြစ်နေတတ်ပါတယ် (ဓာတ်ပုံ - Steve Tickner / The Irrawaddy)
အားကစားသမားများ လေ့ကျင့်ခန်းတွေလုပ်ပြီးတဲ့အခါ၊ ပြိုင်ပွဲတွေ ပြီးတဲ့အခါ ဘယ်မှ သွားစရာမရှိဘူး၊ သွားရေးလာရေးအတွက် သယ်ယူပို့ဆောင်ရေးအစီအစဉ်တွေ မရှိဘူး လို့ မလေးရှားက နည်းပြဆရာတဦးဖြစ်တဲ့   Rosman Razak က ပြောပါတယ်။

ဒါကြောင့် လေ့ကျင့်ခန်းနဲ့ပြိုင်ပွဲများပြီးတဲ့အခါ “အားကစားသမားတွေက တယောက်နဲ့တယောက် ခွဲမရ ခွာမရ တပူးတွဲတွဲ ဖြစ်နေကြပါပြီ” လို့ သူက ဆိုပါတယ်။

နေပြည်တော်ဟာ“အသင်းအဖွဲ့ တည်ဆောက်ရေး၊ အချင်းချင်း ရဲဘော်ရဲဘက်စိတ်ဓာတ် ထားကြရေး ဆိုတဲ့ စီမံကိန်းတွေ ဖော်ဆောင်ဖို့ အကောင်းဆုံးနေရာပါပဲ” တဲ့။

ဒေသတွင်းမြို့ကြီးပြကြီးတွေမှာ ယာဉ်ကျောပိတ်ဆို့မှုတွေ ရှိပေမယ့် နေပြည်တော်ကြီးမှာတော့ ဒီပြဿနာကနေ ကင်းဝေးလျက်ရှိနေတာကို သူတို့က အထင်ကြီးနေကြတာပါ။

ကျယ်ပြောလှပတဲ့ ဆယ်လမ်းသွားလမ်းမကြီးပေါ်မှာ တခါတလေ မည်သည့်ယာဉ်မျှမရှိ လို့ ဆိုတယ်။

ကားငှားရင် တရက် ဒေါ်လာ ၂၅ဝ ကုန်နိုင်တာကြောင့် ဒီသတင်းသမားက ဆိုင်ကယ်တက္ကစီငှားတယ် တဲ့။

ကားတွေ ရှိတယ် - ရှားတယ်၊
အငှားကားရှိတယ် - ရှားတယ်၊
အားကစားသမားတွေ၊ သတင်းသမားတွေကို သယ်ယူပို့ဆောင်ပေးတဲ့ လော်ရီကားကြီးတွေ ရှိသော်ငြားလည်း ဒီသတင်းရေးတဲ့ သတင်းသမားက မစီးချင်ဘူးလို့ ဆိုတယ်။
အဲဒီကားကြီးတွေနဲ့ သယ်ပို့ပေးတာ ဟိုနေရာ ဒီနေရာရောက်ဖို့ နာရီအတော်ကြာတာမို့ အဆင်မပြေဘူးလို့လည်း ညည်းတယ်။
အားကစားပွဲကျင်းပတဲ့နေရာတွေဆီ ဒီကားကြီးတွေပဲ ၀င်ထွက်နိုင်၊ အများပြည်သူသုံးကားတွေ မ၀င်နိုင်ဘူးလို့ ဆိုတယ်။
ဒီတော့ လမ်းလျှောက်တာ ကောင်းပါတယ်ပေါ့လေ။


ဒီလိုအခြေအနေနဲ့ အရှေ့တောင်အာရှ အားကစားပွဲကြီးနေပြည်တော်မှာ ကျင်းပနေပါတယ်။


 

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles