Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မလေးရှားက မြန်မာဟိုတယ်ဝန်ထမ်းရဲ့ ရိုးသားမှု ဂုဏ်ပြုခံရ

$
0
0
တချို့လူတွေအနေနဲ့ ကောက်ရတဲ့ အဘိုးတန်ပစ္စည်းမျိုးဆိုရင် ပြန်မပေးပဲ ယူထားလိုက်ကြမယ် ထင်ပါ တယ်။ ဒါပေမယ့် မလေးရှားက မလက္ကာ ဟိုတယ်တခုမှာ အလုပ်လုပ်နေတဲ့ မြန်မာ သန့်ရှင်းရေး အလုပ်သမားကတော့ ဒီလိုမျိုး မဟုတ်ပါဘူး။ အလွန်ရိုးသား ပါတယ်။ 

 မြန်မာအလုပ်သမား Mr. Khua Khun Thang ကို ဟိုတယ်အရာထမ်းက ဂုဏ်ပြုနေပုံ၊ ဓာတ်ပုံ- The New Paper

တန်ဘိုးကြီး စိန်လက်စွပ်ကို တွေ့ခဲ့ရပေမယ့် ပြန်ပေးခဲ့တဲ့မန်မာအလုပ်သမားတဦး အကြောင်း ဒီကနေ့ မလေးရှား နေ့စဉ် သတင်းစာတခုမှာ အပြည့်အစုံ ဖော်ပြထားပါတယ်။ 

မြန်မာအလုပ်သမား Mr. Khua Kung Thang က မလေးရှားနိုင်ငံက Hatten Hotel Malacca မှာ သန့်ရှင်းရေး အလုပ်သမား အဖြစ် အလုပ်လုပ်နေသူဖြစ်ကာ စင်ကာပူ အမျိုး သမီးတဦးက ဟိုတယ်ခန်း တခုမှာ တည်းခိုပြီး ပြန်သွားတဲ့အချိန်မှာ အမေရိကန် ဒေါ်လာ ၁၈၆၀၀ ဝန်းကျင် တန်ဘိုးရှိတဲ့ စိန်လက်စွပ် တကွင်းကို ကောက်ရခဲ့ပါတယ်။ 

အမည်မဖော်ပြထားတဲ့ စင်ကာပူ အမျိုးသမီးက မလေးရှား နိုင်ငံ Jalan Merdeka အရပ်က Hatten Hotel Malacca ဟိုတယ် မှာ စီးပွားရေး လုပ်ငန်း ကိစ္စနဲ့ ၃ ရက်တာ တည်းခိုသွားခဲ့တာပါ။ 

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ မြန်မာနိုင်ငံက သန့်ရှင်းရေး အလုပ်သမား Mr. Khua ဟာ ဟိုတယ်အခန်း အတွင်း သန့်ရှင်းရေး ဝင်လုပ်တဲ့အခါမှာ ကုလားထိုင်တလုံး အောက်က အဲဒီ တန်ဘိုးကြီး စိန် လက်စွပ် ကို တွေ့ ရှိခဲ့တာဖြစ်ပါတယ်။ 

ဒါနဲ့ သူက ဟိုတယ်က သူ့အထက်အရာရှိကနေတဆင့် စင်ကာပူအမျိုးသမီး နေထိုင်ခဲ့ပြီး ပြန်ထွက်သွားတဲ့ အခန်းက စိန် လက်စွပ်ကောက်ရတဲ့အကြောင်း အသိပေး အပ်နှံခဲ့ပါတယ်။ 

နိုင်ငံရပ်ခြားမှာ သွားပြီး အလုပ်လုပ်နေရတဲ့ ရွှေမြန်မာတွေရဲ့ ဂုဏ်ကို သူ့ရဲ့ ရိုးသားမှုနဲ့ အရောင်ပြောင် ထွန်းအောင် လုပ်ပြ လိုက်တာ တကယ် ဂုဏ်ယူစရာ ကောင်းပါတယ်။ 

ဒါဟာ အမှန်အကန် မြန်မာ့ဂုဏ်ဆောင်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

 




အိမ့်သံစဉ် ~ 






 

Viewing all articles
Browse latest Browse all 5236

Trending Articles