~
အပူးဂဏန်း၊ အထူးဂဏန်းတို့ကို တချို့က အမှုမဲ့ အမှတ်မဲ့ သဘောထားကြချိန်မှာ တချို့ကတော့ အလေးအနက်ထားကြပါတယ်။
ဆီးဂိမ်းလို့ ခေါ်ကြတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီးကို ဒီကနေ့ ၁၁ ရက်နေ့ ၁၂လပိုင်း ၂၀၁၃နေ့မှာ တရားဝင်ဖွင့်ပွဲ ကျင်းပမှာပါ။
မြန်မာပြည်မှာ ရက်စွဲတပ်ပုံနည်းနဲ့ ရေးရင်တော့ ၁၁၊ ၁၂၊ ၁၃နေ့။
ဒီလို ဂဏန်း အစဉ်လိုက်ရှိတဲ့နေ့မှာ ဆီးဂိမ်း ဖွင့်ပွဲလုပ်တယ် ဆိုတော့... ဒီဂဏန်းက ဘယ်လိုသဘော ရှိသလဲ မသိပါ၊
၁၁ဒီဇင်ဘာကတော့ မင်္ဂလာရှိသောနေ့မြတ်ပါပဲ တဲ့။
ဒီအကြောင်း ဧရာဝတီ ပင်မ စာမျက်နှာမှာ Timing of SEA Games Opening Seen as Auspicious by Someဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားပါတယ်။
အဲဒီသတင်းကို http://www.irrawaddy.org/burma/timing-sea-games-opening-seen-auspicious.html မှာ ဖတ်နိုင်ပါပြီ။
၁၁ ဒီဇင်ဘာ ဆိုတာ ဒီလထဲမှာ ကျက်သရေမင်္ဂလာရှိတဲ့နေ့ရက်တွေထဲက တရက်ပါပဲ လို့ အထင်ကရ ဗေဒဆရာ စံဇာဏီဘိုက ဆိုပါတယ်။
နိုင်ငံတကာပွဲလမ်းတွေအတွက်ရော ဒီနိုင်ငံအတွက်ပါ မင်္ဂလာရှိတဲ့နေ့ဖြစ်ပါတယ် တဲ့။
ဒီနှစ်ဆီးဂိမ်းကြီးအတွက် အမှတ်အသားအဖြစ် ရွေးထားတဲ့ ဇီးကွက်ရုပ်မောင်နှံကလည်း လပ်ကီးကောင်းကြောင်း ဆရာ စံဇာဏီဘိုက ရှင်းပြပါတယ်။
ဆူးလေဘုရားအနီး ဂျစ်ကားတစီးထဲ ဗေဒင်ခန်းဖွင့်ထားသူ ဆရာ ကျော်မင်းထက်ကလည်း ရွေးထားတဲ့ဂဏန်း ၁၁ ကြောင့် မြန်မာက အထက်စီးမှာ ရှိတယ်လို့ တွက်ပါတယ်။
ရွေးထားတဲ့နေ့ကြောင့် မြန်မာက ဆုတွေ အများကြီး ရမယ်လို့လည်း တွက်ပါတယ်။
အာဏာပိုင်တို့ကတော့ ၁၁ ရက်နေ့ကို ရွေးခဲ့တာ ဗေဒင်သဘောအရ ရွေးခြင်းမဟုတ်ဘူး၊ အပူးဂဏန်းဖြစ်လို့ မှတ်သားရလွယ်တာကြောင့် ရွေးခဲ့တာလို့ ဆိုပါတယ်။
လတ်တလော မြန်မာက ရွှေတံဆိပ် အများဆုံးရနေတာ တွေ့ရပါတယ်။
မူရင်းသတင်း -
Timing of SEA Games Opening Seen as Auspicious by Some
http://www.irrawaddy.org/burma/timing-sea-games-opening-seen-auspicious.html
.