Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရှမ်းတိုင်းရင်းသားများ၏ အမွေအနှစ်

$
0
0
 ~




 

မိုင်းရှူး စော်ဘွားကတော်သည် အနည်းငယ်သာကျန်ရှိတော့သည့် ရှမ်းစော်ဘွားအနွယ်တော်များထဲမှတဦးဖြစ်သည်။

 ရှမ်းတိုင်းရင်းသားများ၏ အမွေအနှစ်နှင့်ပတ်သက်သည့် မှတ်တမ်းစာအုပ်အတွက် ဓာတ်ပုံ ဘုန်းမြတ်ထူးက ရိုက်ကူးထားခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် ထုတ်ဝေမည့်စာအုပ်ဟု ဆိုသည်။

ရှမ်းပြည်နယ်တွင် စော်ဘွားများ၏ အုပ်ချုပ်မှုကို ၁၉၆၂ ခုနှစ်အထိ တွေ့ခဲ့ရသည်။ ယင်းနောက်ပိုင်းတွင် အခြေအနေများ လုံးဝ ပြောင်းလဲသွားခဲ့သည်။

ဆက်စပ် -

ဟော်နန်းအိုသို့ အလည်တခေါက်
http://burma.irrawaddy.org/%E1%81%80_heritage/2012/09/22/21040.html

  •  
ပျောက်ဆုံးနေသော ဟော်နန်းကို ရှာဖွေတွေ့ရှိခြင်း
http://burma.irrawaddy.org/article/2013/10/08/49167.html

  •  
Hsipaw Haw—Abode of Tragic Shan Prince http://www.irrawaddy.org/shan/hispaw-haw-abode-of-tragic-shan-prince.html
  •  
Rangoon’s Ethnic Shan Celebrate New Year With Cultural Delights
http://www.irrawaddy.org/burma/multimedia-burma/rangoons-ethnic-shan-celebrate-new-year-cultural-delights.html

  •  
Shan Celebrate National Day amid New Freedoms
http://www.irrawaddy.org/shan/shan-celebrate-national-day-amid-new-freedoms.html



အကြောင်းတိုက်ဆိုင်တဲ့အတွက် ရှမ်းပြည်နယ်နဲ့ သက်ဆိုင်တဲ့ စာအုပ်သုံးသပ်ချက်ဆောင်းပါးကို ဧရာဝတီပင်မစာမျက်နှာကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။


 ရှမ်းလူမျိုးစုအကြောင်း လေ့လာမှုတရပ်Wednesday, 04 March 2009 

ဒေးဗစ် စကော့ မက်သီဆင်
 
စာအုပ်စင်ကဏ္ဍ

မြန်မာနိုင်ငံ၏အကြီးဆုံး တိုင်းရင်းသားလူမျိုးစုတစုအကြောင်း ရေးသားထားသည့် ဤစာအုပ်သည် အလွန်များပြားသော အသေးစိတ်အချက်အလက်များကို ပြောထားပါသည်။

အခန်းထဲမှာ ကျားတကောင်ရှိနေတဲ့အကြောင်းကို တစုံတယောက်ကမှ ပြောဆိုခြင်းမရှိဘူးဆိုလျင် ထိုကျားသည် ရှမ်းလူ မျိုးပဲ ဖြစ်ပါလိမ့်မည်။ မြန်မာလူမျိုးစုပြီးလျင် နိုင်ငံ၏ဒုတိယလူဦးရေအများဆုံးဖြစ်သော ဤတိုင်းရင်းသားအုပ်စုသည် အခြား တိုင်းရင်သားအုပ်စုငယ်များကဲ့သို့ ပြည်တွင်းပြည်ပ၏အာရုံစိုက်မှုကို မရရှိခဲ့ကြပါ။ အနည်းအကျဉ်းလောက်သာ ရှိသော ရှမ်း၊ မြန်မာနှင့် အနောက်တိုင်းပညာရှင်များအပြင် လွန်ခဲ့သော အနှစ် ၁၀၀ ခန့်က ရှမ်းပြည်နယ်နှင့် အထက် ဗမာပြည် စွယ်စုံကျမ်းအညွှန်းကို ပညာရှင် ဂျေ ဂျီ စကော့ ရေးသားပြုစုပြီးကတည်းက ရှမ်းပြည်နယ်အကြောင်း လေ့လာမှုပြုသူ အလွန်ရှားပါသည်။

စာအုပ် အမည် - ရှမ်းပြည်သမိုင်း
ရှမ်းလူမျိုးများ၏အစမှသည် ၁၉၆၂ ခုနှစ်အထိ၊

ရေး - စိုင်းအောင်ထွန်း
ဆစ်ခ်ဝမ်း ပရက်စ်၊
၂၀၀၉ ခုနှစ်၊ စာမျက်နှာ ၆၈၄ မျက်နှာ

 



 တိုင်းလူမျိုး (`ရှမ်း´ ဆိုသည့်စကားလုံးသည် မြန်မာစကားလုံးဖြစ်ပြီး `စီအမ်´ (Siam) မှဆင်းသက်လာခြင်းဖြစ်သည်)  များသည် အိန္ဒိယ အရှေ့မြောက်ပိုင်းမှသည် မြန်မာနိုင်ငံ မြောက်ပိုင်းကိုဖြတ်ပြီး တရုတ်ပြည်တောင်ပိုင်းနှင့် ထိုင်းနိုင်ငံ မြောက်ပိုင်း၊ လာအိုနှင့် ဗီယက်နမ်အထိ အကျယ်အပြော ပျံ့နှံ့လျက်ရှိပါသည်။ သို့သော် ရှမ်းလူမျိုး အများဆုံး နေထိုင် ရာဒေသမှာ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းတွင်ဖြစ်ပါသည်။ ၄င်းတို့သည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ကျော်ခန့်က ရှမ်း အင်ပါယာများဖြစ်သော နန်ချောင်းနှင့် မော်အင်ပါယာတို့ ပြိုကွဲပြီး တရုတ်ပြည်မှ ရွှေ့ပြောင်းရောက်ရှိလာခြင်းဖြစ်သည်။

လွတ်လပ်ရေးမရမီ နှစ် ရာပေါင်း အတော်ကြာက ရှမ်းပြည်ဒေသများသည် နယ်မြေအကြီး အသေး၊ သြဇာအာဏာ ရှိမှု အပေါ်မူတည်၍စုပေါင်းပြီး ချောင်ဖာ (`ကောင်းကင်၏အရှင်သခင်´ သို့မဟုတ် မြန်မာနိုင်ငံတွင် `စော်ဘွား´) များက အုပ်ချုပ်ကြသည်။

၁၉၅၉ ခုနှစ်တွင် သူတို့၏နယ်ပယ်များကို တခုတည်းသော ပြည်နယ်အဖြစ်မပေါင်းစည်းခင်အချိန်အထိ စော်ဘွားများသည် ၄င်းတို့၏အိမ်နီးနားချင်းများနှင့် ဆက်ဆံရေးတွင် ချောမွေ့လှသည်တော့မဟုတ်ပါ။ ထိုကာလ နောက်ပိုင်း စစ်ပွားများ ဖြစ်ပွားသည်အထိ ဆက်ဆံရေးကျဆင်းခဲ့ကြသည်။

ဤစာအုပ်သည် နိုင်ငံရေးအရဆန်းစစ်လေ့လာမှုများနှင့်အတူ သမိုင်းဆိုင်ရာရေးသားချက်များ၊ မနုဿဗေဒ၊ သစ်ပင်နှင့် တိရစ္ဆာန်တို့အကြောင်းရေးသားထားသော သဘာဝလောကပညာရှင်များ၏ မှတ်တမ်းများ စသည် စည်းမျဉ်း ဥပဒေသ ပေါင်းစုံဖြင့် ဆက်စပ်လေ့လာထားခြင်းဖြစ်ပါသည်။ ဤစာအုပ်တွင် မြေပုံများ၊ အခိုက်အတန့်သဘောရေးမှတ်ခဲ့သည့် စိတ်ဝင်စားစရာ မှတ်တမ်းများ၊ ရှမ်းအက္ခရာ၊ စာများနှင့် ဓာတ်ပုံများ၊ ကျမ်းကိုးအများအပြားကနေ ထုတ်နုတ်ထားသော ရှည်လျားသည့် အညွန်းများ ပါဝင်ပါသည်။

ဤစာအုပ်ထဲတွင် သံလွင်မြစ်၊ ဆင်များကိုအသုံးပြုပုံ၊ ရှမ်းအိုးစည် ပြုလုပ်ပုံ၊ ၀ါဂွမ်း၊ မြွှေများ၊ ရှမ်းရိုးရားအ၀တ်အစားနှင့် လက်ကိုင်ပုဝါ၊ ၀ါး ဖြင့် ပြုလုပ်ထားသော ထမင်းဘူးများနှင့် အစားအစာများ (ရှမ်းအစားအစာသည် ကမ္ဘာပေါ်တွင် အလျှို့ ၀ှက်ဆုံးနှင့် အကောင်းဆုံး အစားအစာထဲတွင် ပါဝင်သည်) နှင့်ပတ်သက်ပြီး ရေးသားထားသော အခန်းများပါဝင်သည်။ ဤစာအုပ်၏အရွယ်အစားကို ငွေကြေးအကန့်အသတ်ကြောင့် ကန့်သတ်ပြီးထုတ်ဝေရကြောင်း စာရေးသူက ၀န်ခံထား ပါသည်။ (ဆိုလိုသည်မှာ ဤစာအုပ်သည် ယခုထက်ပိုပြီး စာမျက်နှာများနိုင်ပါသေးသည်။) ဤစာအုပ်သည် ၁၉ ရာစုနှစ် နှောင်းပိုင်း ကာလက ဗြိတိသျှ ပထ၀ီအသင်းကြီး၏ လေ့လာချက်များကို ဖတ်ရသည်နှင့်တူပါသည်။

စိုင်းအောင်ထွန်း၏ချဉ်းကပ်ပုံမှာ အမှားကင်းသည်တော့ မဟုတ်ပါ။ အထူးသဖြင့် စစ်အစိုးရကို ထောက်ခံသော မြန်မာနိုင်ငံ သမိုင်းပြုစုရေးအဖွဲ့ဝင်တဦးဖြစ်နေသည့်အတွက် မြန်မာပြည်တွင်းကနေရေးသားရသည့် တင်းကျပ်သောကန့်သတ် ချက် များက သမိုင်းရေးဆိုင်ရာ ငြင်းခုံမှုများအတွက် လိုအပ်သောမျှတစွာရေးသားဖော်ပြမှုကို မတွေ့ရခြင်းဖြစ်ပါသည်။

ထူးထူးခြားခြား စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည့် တိုင်းရင်းသားအချင်းချင်းသဟဇာတဖြစ်မှုကို အထူးတလဲ ဖော်ပြထားသည့်-

“ဗမာနှင့် ရှမ်းလူမျိုးတို့သည် ပြည်ပကျူးကျော်မှုများ သို့မဟုတ် စစ်ပွဲများကို ရင်ဆိုင်ကြုံတွေ့ရသည့်အခါတိုင်း သွေးစည်း ညီညွတ်ကြသည်” စသည်တို့သည် အများလက်ခံထားသော အမြင်များ မဟုတ်ပါ။ ထိုအမြင်များသည် အန္တရာယ်မရှိစေ ရန် အထက်ကအာဏာရှိသူများကို ဦးညွှတ်ပြခြင်းသာဖြစ်ပြီး လေးလေးနက်နက် ဆန်းစစ်လေ့လာထားချက်များမဟုတ်ပါ။ သို့ပေမယ့် ထိုကိုးယိုးကားယားနိုင်သောစာပိုဒ်များကို တွေ့ရခဲပါသည်။

နောက်ထပ်အားနည်းချက်တရပ်မှာ သမိုင်းရေးဆိုင်ရာအချက်အလက်များကို လေ့လာရာတွင် ပညာရပ်ဆိုင်ရာ ဆန်းစစ် နည်းများကို အစီအစဉ်တကျ သုံးစွဲထားခြင်းမရှိပါ။ ဗမာနှင့် ရှမ်းပြည်နယ် သမိုင်းတွင် အရေးကြီးသော အငြင်းပွား ဖွယ် အကြောင်းရပ်တချို့ကို ထူးထူးခြားခြား ချန်လှပ်ထားခဲ့ရာ အထူးသဖြင့် ပုဂံခေတ်အလွန် (၁၂ ရာစုနှင့် ၁၅ ရာစု အကြား) ရှမ်းအုပ်ချုပ်မှုကြီးစိုးချိန် အခန်းတွင် ဖြစ်ပါသည်။

ထိုကာလကို စိုင်းအောင်ထွန်းက လက်ခံထားပြီး စာရေးဆရာနှင့် သမိုင်းပညာရှင် မိုက်ကယ်အောင်သွင်က လေးလေး နက်နက် စိန်ခေါ်ထားပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၂၀ အတွင်း မြန်မာနိုင်ငံ၏ စိတ်ပျက်စရာကောင်းလှသော တိုင်းရင်း သား လူနည်းစုနိုင်ငံရေးနှင့်ပတ်သက်ပြီး ထင်ရှားသည့် ပညာရှင် နှစ်ဦးဖြစ်သော ဘာတေးလ်လစ်တ်နာနှင့် မာတင်စမစ် တို့က မည်သည့်မှတ်ချက်မှ မပေးပါ။

၁၉၅၀ ခုနှစ်များအတွင်းက ကူမင်တန် တရုတ်ဖြူများ ကျူးကျော်ဝင်ရောက်သည့် အခန်းတွင် အမေရိကန်အစိုးရကို လက်ညှိုးထိုးအပြစ်တင်းထားသော်လည်း စီအိုင်အေကို ရည်ညွှန်းပြောဆိုမှုကိုတော့ ချန်လှပ်ထားခဲ့သည်။ သို့မဟုတ်လျင် သတင်းအချက်အလက် အလွန်ပြည့်စုံစွာဖြင့် သုံးသပ်ထားခြင်းမျိုး ဖြစ်ပါလိမ့်မည်။

စာအုပ်၏အကောင်းဆုံးအခန်းများသည် ၁၉၆၀ နှင့် ၁၉၆၁ ခုနှစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ရေးဆွဲရေးနှင့် မြန်မာနိုင်ငံတွင် ပိုမိုကြီးမာသည့် ဖယ်ဒရယ်လမ်းစဉ်အောင်မြင်ဖြစ်ထွန်းရေးအတွက် ရှမ်းခေါင်းဆောင်များ၏အဆိုပြုချက် များနှင့် အငြင်းအခုံများကို အသေးစိတ်ဖော်ပြထားချက်များပင် ဖြစ်ပါသည်။ ၁၉၅၀ ခုနှစ်ကာလများအတွင်း ပဋိပက္ခဖြစ်စေ သော အကြောင်းအရင်းများဖြစ်ခဲ့သည့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက် အများအပြားကို ရှမ်းခေါင်း ဆောင်များက ပြင်ဆင်ရန်ကြိုးပမ်းခဲ့ကြသည်။

စာမျက်နှာ ၁၀၀ ရှိသည့် အသေအချာသုတေသနပြုစုပြီး ရေးသားထားချက်များက ပြသနေသည်မှာ လွန်ခဲ့သော အနှစ် ၅၀ က ဖယ်ဒရယ်ဝါဒ၊ ဘဏ္ဍာရေးဆိုင်ရာ ညီမျှမှု၊ သယံဇာတ အရင်းအမြစ်များကို ခွဲဝေသုံးစွဲမှုနှင့် အခြေခံလူ့အခွင့်အရေး များအပေါ်လွတ်လပ်ပြီး တရားမျှတသည့် ငြင်းခုံမှုများသည် ယနေ့ခေတ်ထက် အများကြီးပို၍ နက်နဲရှုပ်ထွေးခဲ့ပါသည်။

လက်ရှိစစ်အစိုးရ၏ အဓိပ္ပာယ်မဲ့ရက်စက်လွန်းသည့် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကြီး အပြီးသတ်ကာလကို မြန်မာနိုင်ငံ ရောက်ရှိနေချိန်မှာ အထူးသဖြင့် ဒီအချက်က အထင်အရှား ဖြစ်ပါသည်။

စာဖတ်သူများသည် ခေတ်ရေစီးကြောင်းကိုတော်လှန်သော ခေတ်လွန် သီအိုရီသမားများမဟုတ်ဘူးဆိုလျင် ရှေးရိုးဆန် သည့် ဤသမိုင်းစာအုပ်ကို ဖတ်ရတာ ကြိုက်နှစ်သက်မှာ အမှန်ပင် ဖြစ်ပါသည်။

နောက်ဆုံးအနေနှင့် ရှမ်းလူမျိုးများမှာ တရားမျှတမှုကိုရှာဖွေမည့် စာအုပ် တအုပ် ရှိလာပါပြီ။ ဤစာအုပ်ကို မကြာသေးမီက ထုတ်ဝေခဲ့သော စပ်စန္ဒာ ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ “လမင်းသမီး”နှင့် ယှဉ်တွဲ ပြီးဖတ်ရှု့ရန် တိုက်တွန်းပါသည်။

နောက်ထပ်စိန်ခေါ်နေသည့်အချက်မှာ ၁၉၆၂ ခုနှစ်နောက်ပိုင်း ဆယ်စုနှစ်များအကြောင်း သမိုင်းကို ယခုစာအုပ်ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့်ဖြင့် အသေးစိတ်အချက်အလက်များကို ဂရုစိုက်ပြီး ရေးသားပြုစုရေး ဖြစ်ပါသည်။

မကြာခင်နှစ်များအတွင်းကဖြစ်ခဲ့သော အရှုပ်အထွေးများကို စုစည်းရာတွင် ပညာရပ်ဆိုင်ရာလွတ်လပ်မှု အနည်း ငယ် ပိုရှိလာရန် မျှော်လင့်မိပါသည်။


  • ဒေးဗစ် စကော့ မက်သီဆင်သည် နယူးယောက်တွင်အခြေစိုက်သော လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကြီး(HRW)၏ မြန်မာနိုင်ငံ ဆိုင်ရာ အကြံပေးအရာရှိ ဖြစ်သည်။






.

Viewing all articles
Browse latest Browse all 5236

Trending Articles


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဗိုလ်အောင်ဒင် မူပိုင်ခွင့်ကိစ္စ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


မြစ်ဆုံကိစ္စ ဒေါ်အောင်ဆန်းစုကြည် ပြော (ရုပ်/သံ)


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်