Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ထိုင်းနိုင်ငံမှာ ၉ သုံးလုံး လှုပ်ရှားမှု မနက်ဖြန် စတင်မယ်

$
0
0
ထိုင်းနိုင်ငံက ဆန္ဒပြ ခေါင်းဆောင် ဒီမိုကရက်အမတ်ဟောင်း ဆူထေ့ပ် သပ်ဆူဗန်က ၉ ဂဏန်းတွေ အသုံးပြုကာ ၉ သုံး လုံး လှုပ်ရှားမှုကို ပူးပေါင်း ပါဝင်ကြဖို့ သူ့ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် ဖိတ်ခေါ်ထား ပါတယ်။ 


 ဆူထေ့ပ်ရဲ့ ဖေ့စ်ဘုတ်မှာ ဖော်ပြထားတဲ့ ၉ သုံးလုံး လှုပ်ရှားမှု ဖိတ်ခေါ်ပုံ

အဓိပ္ပာယ်ကတော့ ဒီဇင်ဘာလ ရက်နေ့ မနက် နာရီ နဲ့ ၃မိနစ်မှာ ယင်လတ် အစိုးရ ပြုတ်ကျရေး ဆန္ဒပြ တိုက်ပွဲကို စတင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာတော့ ၈ လေးလုံးတို့ ၉ လေးလုံးတို့ ဆိုတဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်ဆောင်ခဲ့ကြတာကို သူက အတုယူလုပ်လေသလား၊ ဒါမှမဟုတ် ထိုင်းတွေကလည်း ဂဏန်းဆိုင်ရာ ထူးခြားမှုတွေကို ယုံကြည် သူ ဖြစ်လေ တော့ ယုံကြည်မှုခြင်း တိုက်ဆိုင်လေတာလား မဝေခွဲတတ်ပါဘူး။ 

ဒီဇင်ဘာလ ၅ ရက်နေ့က ထိုင်းဘုရင်ရဲ့ ၈၆ နှစ်မြောက် မွေးနေ့ဖြစ်တာကြောင့် ဘုရင်ကို ချစ်ခင် လေးစား တဲ့ အတွက် သူတို့ ဆန္ဒပြ အုပ်စုတွေက ခေတ္တ ရပ်နားထားခဲ့ကြတာပါ။ ဒါပေမယ့် ဒီဇင်ဘာလ ၆ ရက်နေ့က စပြီး ဆန္ဒပြမှုတွေကို ဆက်လက် အစပျိုး လုပ်ကိုင်လာရင်း ဆူထေ့ပ်က အခုလို ပုံနဲ့ အတူသူက ရေးထား ပါတယ်။ 

သူနဲ့ အတူ လမ်းလျှောက်ကြမယ့် ညီအကို မောင်နှမတွေကို သတင်းစကားပါးထားပုံက သူကလည်း ဒီညီအကို မောင်နှမ တွေနဲ့ အတူ လမ်းလျှောက်ဆန္ဒဖော်ထုတ်မှာဖြစ်တဲ့အကြောင်း၊ မိတ်ဆွေများရဲ့ လမ်းလျှောက် လူ တန်းကြီးဟာ အနည်းဆုံး ကီလို မီတာ ၂၀ လောက် ရှိဖို့ လိုပါတယ်တဲ့။ 

စောစောအိပ်၊ စောစောထပြီး အစိုးရရဲ့ ဗဟိုချက် မရှိတဲ့နေရာတွေဆီကို ချီတက် ဆန္ဒပြကြမယ်တဲ့။ အနာဂတ် မျိုးဆက် မြေး၊ မြစ်တွေအတွက် ဒီတချီမှာ သမိုင်းတွင်ကျန်ရစ်စေမယ့် လှုပ်ရှားမှုကို လုပ်ဖို့ လိုအပ် တယ် လို့ သူက ရေးသား လှုံ့ဆော်ထားပါတယ်။


အိမ့်သံစဉ် ~ 



ဆက်စပ်သတင်း 

အစိုးရရုံးများ သိမ်းပိုက်လိုက်သည့် ထိုင်းဆန္ဒပြသူများ အနိုင်ရသည်အထိ ကြိုးစားမည်







Viewing all articles
Browse latest Browse all 5236

Trending Articles