ပန်းချီဆရာ ၀င်းဖေမြင့် ရဲ့ “အိုးတွေနဲ့ ကျွန်တော်” လို့ အမည်ပေးထားတဲ့ တကိုယ်တော် ပန်းချီ ပြပွဲကိုထိုင်းနိုင်ငံ ချင်းမိုင်မြို့ သုဝဏ္ဏဘမ္မိ ပန်ချီ ပြခန်းမှာမနက်ဖြန် ဒီဇင်ဘာ ၇ ရက်နေ့က စပြီး ပြုလုပ်သွားပါမယ်။
ဆရာဝင်းဖေမြင့်ဟာ မကွေးတိုင်း မင်းဘူးမြိ့နယ်မှာ ၁၉၄၈ ခုနှစ်က မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဆရာဟာ သူ ၀ါသနာပါတဲ့ ပန်းချီကို ကလေးဘ၀ ကတည်းက စိတ်ဝင်စားခဲ့ပြီး နာမည်ကြီး ပန်းချီ ဆရာကြီးတွေ ဖြစ်ကြတဲ့ ဆရာကြီး ဦးလွန်းကြွယ်၊ ဆရာပေါ်ဦးသစ်၊ ဆရာသိန်းဟန်၊ ဆရာရွှေအောင်သိမ်းတို့ဆီမှာ သူတို့ရဲ့ ပန်းချီပညာတွေ ကိုလေ့လာဆည်းပူး သင်ယူခဲ့တာဖြစ်ပါတယ်။
အခုဆိုရင် ဆရာဝင်းဖေမြင့် ပြခဲ့တဲ့ တကိုယ်တော် ပန်းချီပြပွဲတွေ ပြသခဲ့တာ ပြည်တွင်းမှာ ၁၁ ကြိမ် ရှိပြီး ပြည်ပမှာ ၃ ကြိမ်ရှိခဲ့ပြီ ဖြစ်ပါတယ်။
ချင်းမိုင်မြို့ရောက် ပန်းချီ စိတ်ဝင်စားသူတွေအတွက် ဒီဇင်ဘာလ ၇ ရက်နေ့မှ ၂၁ ရက်နေ့ထိ အိုးတွေနဲ့ ကျွန်တော် အမည်ရ တဲ့ ဆရာ ဝင်းဖေမြင့်ရဲ့ တကိုယ်တော် ပန်းချီပြပွဲကို Suvannabhumi Art Gallery က ကြိုဆိုနေကြောင်းပါတဲ့။