Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရန်ကုန်ရဲ့ ရဟတ်ယာဉ်အိပ်မက်

$
0
0
~
 

ရန်ကုန်တိုင်းဒေသကြီး သံလျင်၊ မှော်ဘီမြို့နယ်များမှာ ရဟတ်ယာဉ်ထုတ်လုပ်ရေးစက်ရုံဆောက်မယ် ဆိုတဲ့ သတင်း ထွက်လာပါတယ်။



သို့သော်လည်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကတော့ စက်ရုံဆောက်ရေး ဆိုတာကို ခွင့်ပြုဖို့ အစီအစဉ် မရှိသေးကြောင်း ပြောပါတယ်။

သတင်းအစက ဒီလိုပါ....
အမေရိကန် အခြေစိုက် ကုမ္ပဏီ Robinson Helicopter က ထုတ်လုပ်တဲ့ ရဟတ်ယာဉ်ကို မြန်မာပြည်ဈေးကွက်မှာ မိတ်ဆက်မယ်၊ အရောင်းပြခန်းဖွင့်မယ်၊ ပြီးရင်တော့ ရန်ကုန်မှာ ရဟတ်ယာဉ် တည်ဆောက်ထုတ်လုပ်ဖို့ ပြင်ဆင်မယ် ဆိုတာပါပဲ။
၂ ယောက်စီး ရဟတ်ယာဉ်တစီးက ဒေါ်လာ 270,000ဖြစ်မယ်လို့ ဆိုတယ်။
 ကုမ္ပဏီက ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ ကုမ္ပဏီပါ။ အရပ်ဘက်သုံးရဟတ်ယာဉ်ထုတ်တဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။

ယာဉ်ကြောပိတ်ဆို့မှုနဲ့ နာမည်ကြီးနေတဲ့ ရန်ကုန်မှာတော့ ဒီရဟတ်ယာဉ်တွေက လူတချို့အတွက် အသုံးတည့်မှာ သေချာပါတယ်။
လူတချို့အတွက် ဆိုတာက အဲဒီငွေကြေးပမာဏကို တတ်နိုင်တဲ့လုပ်ငန်းရှင်၊ အဖွဲ့အစည်းကို ဆိုလိုပါတယ်။

လူနေထူထပ်ပြီး ကားတွေများလွန်းလို့ ယာဉ်ကြောပိတ်တာ ရန်ကုန်တခုတည်းတော့ မဟုတ်ပါ။ နိုင်ငံတကာမြို့ကြီးတွေမှာလည်း ပိတ်ပါတယ်။
အချိန်ဆင်းရဲတဲ့လုပ်ငန်းရှင်ကြီးများအတွက် ရဟတ်ယာဉ်တွေနဲ့ တက္ကစီဆွဲ သယ်ယူပို့ဆောင်ပေးရတဲ့မြို့တောင် ရှိပါတယ်။

မြန်မာပြည်မှာ ရဟတ်ယာဉ်ရောင်းဖို့/ငှားဖို့ ဈေးကွက်ထိုးဖောက်တယ် ဆိုတာလည်း စမ်းကြည့်သင့်ပါတယ်။
ဘတ်ဂျက်တောင့်တဲ့အဖွဲ့အစည်းတွေ လုပ်ငန်းရှင်တွေ ရှိနေလို့ပါပဲ။

ဒါကတော့ ဧရာဝတီသတင်းတပုဒ်ဖြစ်တဲ့ Govt Denies Report ofHelicopter Maker’s Rangoon Factory Plansဆိုတာကို အကြမ်း ညွှန်းထားတာပါ။
အဲဒီသတင်း မူရင်းကို http://www.irrawaddy.org/burma/govt-denies-report-helicopter-makers-rangoon-factory-plans.htmlမှာ ဖတ်နိုင်ပါတယ်။

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ညွှန်ချုပ် ဦးတင်နိုင်ထွန်းကတော့ ဘယ်ကုမ္ပဏီနဲ့မှ သဘောတူထားတာ မရှိသေးပါဘူး လို့ ပြောပါတယ်။
အရောင်းပြခန်းဖွင့်တာဖြစ်ဖြစ်၊ စက်ရုံတည်တာပဲဖြစ်ဖြစ် လုပ်ထုံးလုပ်နည်းအရဆိုရင် သူတို့ဌာနနဲ့ အရင် ထိတွေ့ရပါမယ် တဲ့။
ပြည်ပရဟတ်ယာဉ်ကုမ္ပဏီတခုခုနဲ့ အဆက်အသွယ် မရှိသေးပါဘူးလို့ သူက ဆိုပါတယ်။

ရဟတ်ယာဉ်ကုမ္ပဏီတခုခုက စိတ်ဝင်စားတယ် ဆိုရင်တောင်မှ ရဟတ်ယာဉ်ဆိုတာ မြန်မာပြည်မှာ ဈေးကွက်ရှိရဲ့လား လို့ သူက မေးခွန်းထုတ်လိုက်ပါတယ်။

အပေါ်ပုံကတော့ အရပ်ဘက်သုံး ရဟတ်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီ Robinson Helicopterရဲ့ အင်တာနက်စာမျက်နှာမှာ ကြော်ငြာထားတဲ့ သူတို့ထွက်ကုန်တခု ဖြစ်ပါတယ်။
  • မူရင်း



.


Viewing all articles
Browse latest Browse all 5236

Trending Articles