Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ထိုင်း ဆန္ဒပြပွဲကို အဆင့်မြင့် နည်းပညာသုံးပြီး သတင်းမှတ်တမ်းလုပ်

$
0
0


ထိုင်းနိုင်ငံ ဘန်ကောက်က ဆန္ဒပြပွဲတွေမှာ အဆင့်မြင့် နည်းပညာ သုံးပြီး မီဒီယာသတင်း ပို့ချက် မှတ်တမ်းလုပ်ဆောင်ထားတာပါ။ 




အဝေးထိန်း ရဟတ်ယာဉ်ငယ်မှာ ဗီဒီယိုကင်မရာ တပ်ဆင်ပြီး ကောင်းကင်က မြင်ရတဲ့ ဆန္ဒပြ မြင်ကွင်းတွေ ကို ရိုက်ကူးသွားတာပါ။ ကလေး ကစားစရာ ရဟတ်ယာဉ်ငယ်မျိုးဖြစ်ပါတယ်။ ကစားစရာကို ဆန်းသစ်ရင်း မီဒီယာ မှတ်တမ်းတင်ရိုက်ကူးမှုအတွက် စိတ်ကူးကောင်းကောင်း လုပ်ဆောင်ချက်လည်း ဖြစ်ပါတယ်။ 



ထိုင်းနိုင်ငံ နည်းပညာ ကျောင်းတွေမှာ ကျောင်းသား တွေကို အပြိုင်အဆိုင် အဝေးထိန်း ရဟတ်ယာဉ် တီထွင်မှုတွေ လုပ်စေပြီး ဆန်းသစ်ခိုင်းတာဟာ ထိုင်းကျောင်းသားတွေအတွက် နည်းပညာ အဆင့်မြင့်တွေ ကို ဖန်တီး ထုတ်လုပ်လာနိုင်တာလဲ ဖြစ်ပါတယ်။




  

မြန်မာနိုင်ငံမှာတော့ အဝေးထိန်း ကလေးကစားစရာ အရုပ်တွေကိုတောင် ဆက်သွယ်ရေး အက်ဥပဒေ ပုဒ်မနဲ့ ဖမ်းဆီးလို့ရတယ်လို့ တချိန်စစ်အစိုးရက ကန့်သတ်ထုတ်ပြန်ထားတာမျိုးတွေ ရှိကြတာပါ။


Viewing all articles
Browse latest Browse all 5236

Trending Articles