Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

“စစ်အာဏာရှင်စနစ်က တော်တော်နဲ့ မပြီးဘူး”

$
0
0
~


 


အမှားတွေများလွန်းလှတဲ့ မြန်မာနိုင်ငံမှာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းမီဒီယာတွေက အဲဒီအမှားတွေကို မှန်မှန်ကန်ကန် ရဲရဲရင့်ရင့် ဖော်ထုတ်ရေးသားကြဖို့ သတင်းစာဆရာကြီးလည်းဖြစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ နာယကလည်း ဖြစ်သူ ဦးဝင်းတင်က ရန်ကုန်မြို့ ဧရာဝတီ သတင်းဌာနရုံးကို ဒီနေ့ နေ့ခင်းပိုင်း ရောက်ရှိလာချိန်မှာ ပြောကြားပါတယ်။

 

ဒီကနေ့ ဧရာဝတီရန်ကုန်ရုံးမှာ တွေ့ရတဲ့ ဦးဝင်းတင် (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)
“အမှားတရားတွေက ဖော်ထုတ်ရမယ်။ လူတွေခံစားနေရတဲ့ အမှားတရားတွေဘက်က ရပ်တည်နေတဲ့သူက သတင်းစာပဲ ဖြစ်တယ်၊ သတင်းစာက ဖော်ထုတ်ရမယ်၊ ဖွင့်ချရမယ်၊ ရေးရမယ်၊ တိုက်ခိုက်ရမယ်"လို့ ဧရာဝတီ သတင်းအဖွဲ့သားတွေကို ပြောဆိုပါတယ်။

သတင်းသမားတွေကို မေးလိုက်တိုင်း အမှန်တရားဘက်က ရပ်တည်မယ်လို့ ပြောကြကြောင်း၊ အမှားတရားများကိုလည်း ဖော်ထုတ်ဖို့ လိုကြောင်း ဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။

အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကို ဧရာဝတီရုံးက ဖိတ်ကြားခဲ့တာဖြစ်ပြီး ဧရာဝတီရုံး အယ်ဒီတာတွေ၊ သတင်းထောက်တွေနဲ့ တွေ့ဆုံစကားပြောချိန်မှာ အခုလို သြဝါဒ ပေးတာဖြစ်ပါတယ်။

“နိုင်ငံရေး သမားရော၊ သတင်းစာဆရာရော၊ ရပ်ထဲရွာထဲကရော မခံဘဲနဲ့ တိုက်နေရမယ်၊ နို့မဟုတ်ရင် စစ်အာဏာရှင်စနစ်က တော်တော်နဲ့ မပြီးဘူး။ အခုလည်း လုပ်နေတာ လမ်းစတောင်မှ တိုးလို့မရဘူး ဖြစ်နေတယ်။ ဒီအခြေခံဥပဒေကို ကျနော် ထောင်က ထွက်လာကတည်းက တိုင်းပြည် တပြည်လုံး ထောင်ကျနေတယ်လို့ ပြောခဲ့တယ်” လို့လည်း ဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။

ဦးဝင်းတင်ဟာ မကြာသေးခင်က ကျန်းမာရေး ချို့ယွင်းမှုကြောင့် ဆေးရုံတက်ကုသခဲ့ရပေမယ့် ဒီကနေ့ မြင်တွေ့ရချိန်မှာတော့ ကျန်းကျန်းမာမာ တက်တက်ကြွကြွပါပဲ။

ဒါ့အပြင် သူထောင်က ထွက်လာကတည်းက အမြဲတမ်း ဝတ်ဆင်နေတဲ့ ထောင်ဝတ်စုံ အမှတ်အသား ဖြစ်တဲ့ အပြာရောင်အင်္ကျီကို ဒီကနေ့ ဝတ်ဆင်ထားပြီး “ကျနော်ကိုယ်တိုင် ယုံကြည်စိတ်ချမှု မရှိမချင်း ဒီအင်္ကျီကို မချွတ်ဘူး” လို့ ပြောပါတယ်။


  • ကျော်ခ


.


Viewing all articles
Browse latest Browse all 5236

Trending Articles