Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကျောင်းသားခေါင်းဆောင် စည်သူမောင် ကျောင်းတက်ခွင့် ပြန်ရပြီ

$
0
0
~


 




၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုစည်သူမောင်ကို အစိုးရက ကျောင်းပြန်တက်ခွင့်ပြုလိုက်သည်။
 


(ဓာတ်ပုံ - စည်သူမောင် facebook)

“ကျွန်တော် စီးပွားရေးတက္ကသိုလ်ရောက်တော့ မော်ကွန်းထိန်းနဲ့ ၀င်တွေ့ရတယ်။ ၀င်တွေ့ပြီးမှ မော်ကွန်းထိန်းက ကျောင်းသားရေးရာကို သွားပြီး ကျောင်းအပ်နိုင်ပြီလို့ ပြောတယ်။
ကျွန်တော် အခု ကျောင်းအပ်ဖို့ ဖောင်ဖြည့်နေပါပြီ” ဟု ကိုစည်သူမောင်က ပြောသည်။

ကျောင်းပြန်တက်ခွင့်ရသည့်အကြောင်းကို  သမ္မတရုံး ၀န်ကြီးဦးအောင်မင်း၏ ရုံးမှတဆင့် သိရှိခဲ့ရခြင်းဖြစ်သည်ဟု   ကိုစည်သူမောင်က ပြောသည်။

ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသား ကိုစည်သူမောင်သည်  အထိန်းသိမ်းမခံရစဉ်က စာရင်းအင်းပညာသင်ယူနေသည့် တတိယနှစ်ကျောင်းသားတဦးဖြစ်သည်။

၂၀၀၇   ရွှေဝါရောင်တော်လှန်ရေးကာလတွင် အထိန်းသိမ်းခံရပြီး  ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် ဘူးသီးတောင်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည်။

ကိုစည်သူမောင်နည်းတူ နိုင်ငံရေးလှုပ်ရှားမှုနှင့် ဖမ်းဆီးခံခဲ့ရသည့် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်မှ ကိုဒီငြိမ်းလင်း၊ ကိုရဲမြတ်ဟိန်းနှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ကိုဇင်လင်းအောင်တို့မှာ ပြီးခဲ့သည့် သြဂုတ်လက ကျောင်းပြန်လည် တက်ရောက်ခွင့် ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

  • သူဇာ


.


Viewing all articles
Browse latest Browse all 5236

Trending Articles