၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်နိုင်ဖို့ ဆိုတာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပေါ် မူတည်နေ တယ်လို့ သြစတြေးလျနိုင်ငံ ကိုအလည်အပတ် ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါ တယ်။
ဆစ်ဒနီမြို့က Opera House မှာ ကျင်းပတဲ့ တက္ကသိုလ် ၃ ခုရဲ့ ဘွှဲ့နှင်းသဘင်အခမ်းအနားမှာ တက္ကသိုလ် ၂ ခုရဲ့ ပါရဂူ ဘွဲ့ တွေကို လက်ခံစဉ် အခုလို ပြောလိုက်တာပါ။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ဖို့ လွှတ်တော်မှာ အရပ်သား လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းအပြင် တပ်မတော်သား ကိုယ်စားလှယ် အနည်းဆုံး တဦး ပါဝင်ထောက်ခံဖို့ လိုပြီး တပ်မတော်သားကိုယ်စားလှယ် ဆို တာက ကာ/ချုပ်က တိုက်ရိုက် ခန့်အပ်ထားတာဖြစ်လို့ ကာ/ချုပ်ကသာ ဖွဲ့စည်းပုံပြင်ဆင်တာကို လက်ခံ ရင် တပ်ကိုယ်စားလှယ်က ထောက်ခံမှာ ဖြစ်လို့ ဖွဲ့စည်းပုံ ပြင်နိုင်မှာလို့ ပြောသွားပါတယ်။
အခု NLD ပါတီက နိုင်ငံအနှံ ဖွဲ့စည်းပုံ ပြင်ဆင်ရေး သဘောထား ကောက်ယူနေတယ်လို့ ပြောဆိုပြီ ၈၀ ရာ ခိုင်နှုန်း ကျော် က ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ ဆန္ဒရှိကြတာလို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒီအပြင် သမ္မတ ဖြစ်လိုတယ်ဆိုတာကလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ပေးဆပ်သူတွေများစွာ ရှိပြီး သူတို့တွေ အတွက်သာ ဖြစ်လိုတာလို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
သြစီကို မသွားခင်လေးမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စအတွက် သမ္မတ၊ လွှတ်တော်၊ တပ်မတော်တို့ တွေ့ဆုံဖို့ သမ္မတ ဦးသိန်းစိန်ဆီ မေတ္တာရပ်ခံစာ ပေးပို့ဖို့ ရှိတဲ့အကြောင်း ကြေ ညာချက် ထုတ်ပါတယ်။
အိမ့်သံစဉ် ~
ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ လက်ခံယူနေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- ကိုထွန်းဝေ/တိုကျို

- ဧရာဝတီ Facebook
- ဧရာဝတီ Twitter