Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မြန်မာ ဘောလုံး အဖွဲ့ချုပ် AFC Dream Asia Award ဆုရ

$
0
0
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ( Myanmar Football Federation- MFF ) ဟာ အာရှ ဘောလုံး အဖွဲ့ချုပ် AFC က ချီးမြင့် တဲ့ AFC Dream Asia Award ဆုကို ရလိုက်ပါတယ်။ 

 MFF ဥက္ကဋ္ဌ ဦးဇော်ဇော် AFC က ချီးမြင့်တဲ့ ဆုနဲ့ အတူတွေ့ရစဉ်၊ ဓာတ်ပုံ- MFF

ဆုကိုတော့ အင်္ဂါနေ့က မြန်မာ ဘောလုံး အဖွဲ့ချုပ် ဦးဇော်ဇော်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ အခြေစိုက်တဲ့ AFC တာဝန်ရှိသူထံက လက်ခံရယူခဲ့ပါတယ်။ 

အခုလို မြန်မာဘောလုံး အဖွဲ့ချုပ်က ဒီဆုကို ရလိုက်ခြင်းဟာ မြန်မာနိုင်ငံမှာ ပညာရေး၊ ကျန်းမာရေး လူမှုရေးလုပ်ငန်းတွေနဲ့ တကွ ဘောလုံး အားကစားနည်း ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မှုကြောင့် ရရှိတာဖြစ်တယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့ လုပ်ဆောင်နေမှုတွေကို အသိအမှတ်ပြုခံရတာကြောင့် ဒီဆုကို လက်ခံရတာဖြစ်လို့ ကျနော် တကယ်ပဲ ပျော်ပါ တယ်” လို့ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က ဆုလက်ခံယူစဉ် ပြောသွားပါတယ်။ 

ပြီးတော့ ဦးဇော်ဇော်က ဆက်ပြောရာမှာ မြန်မာပြည်သူတွေအတွက် ဘောလုံးအားကစားကို ဆက်ပြီး 
ကောင်းမွန်အောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်ဆိုတဲ့အကြောင်း၊ အခု ဒီ ဆုဟာ လူ့အဖွဲ့အစည်းမှာ လူမှု အပြောင်းအလဲတွေကို မြှင့်တင်ဖို့ ကြိုးစားအားထုတ်တာတွေကို ထင်ဟပ်တဲ့အကြောင်း၊ မြန်မာတနိုင်ငံလုံး က လည်း ဒီဆုကို ရလိုက်တဲ့အတွက် ဂုဏ်ယူနေကြမယ် ဆိုတဲ့ အကြောင်းလည်း ပြောပါသေးတယ်။ 


အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles