Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဗိုင်းရပ်စ်ထုတ်လိုက်တဲ့ သိန်းလင်းစိုး

$
0
0
~



တကိုယ်တော်ခံစားချက်မဟုတ်ဘဲ ပရိသတ်နဲ့ ရင်ခုန်သံခြင်း ထပ်တူကျအောင် လုပ်ထားတယ် ဆိုတဲ့ တေးရေးဆရာ အဆိုတော် သိန်းလင်းစိုးရဲ့ ပထမဆုံး တကိုယ်တော်အယ်ဘမ် "T-Virus"ကို လာမယ့် သောကြာနေ့ မှာ ဖြန့်မယ်လို့ သိရပါတယ်။


"ကျနော်ကြိုက်တဲ့ သီချင်းတွေထက် ပရိသတ်ကြိုက်မယ့် သီချင်းတွေကို ဦးစားပေးထည့်ပေးထားပါတယ်"လို့ ဟစ်ဟော့ အဆိုတော် သိန်းလင်းစိုးက ပြောပါတယ်။

"တေးရေးအနေနဲ့ လေးနှစ်လောက်လုပ်ခဲ့ပါတယ်။ အခု အခွေထွက်ဖို့ကို အချိန်တော်တော်ကြာ ကြိုးစားခဲ့ရတယ်။ သီချင်းတွေ အားလုံးကို ကျနော် ကိုယ်တိုင် ရေးထားတာပါ။ အခွေမထွက်ခင်မှာ မကြိုက်လို့ သီချင်းတွေ ပြင်ခဲ့ရတာခဏခဏပဲ"လို့ သူက ဆက်ရှင်းပြပါတယ်။

ကူညီအားဖြည့်သီဆိုထားသူများကတော့ ... ရဲလေး၊ ဂျေးမီ၊ စိုးကြီး၊ စက်လက်ကောင်းထင်ကျော်ကျော်၊ MHA, ကွတ်တီနဲ့Little T တို့ ဖြစ်ပါတယ် တဲ့။

BoBo Music production က ထုတ်လုပ်တဲ့ သူ့ရဲ့ သီချင်း CD ကို လာမယ့် သောကြာနေ့ ရန်ကုန်မြို့   Junction Squire မှာ အရောင်းမြင့်တင်ရေးလုပ်မယ် လို့ သိရပါတယ်။

စီးရီးခေါင်းစဉ်က 
"T-Virus"ဆိုပြီးတခြားသူတွေနဲ့ မတူအောင် လုပ်ထားပါတယ်။ ဗိုင်းရပ်စ်ဆိုတာ ပျံ့နှံ့တဲ့သဘော ရှိပါတယ်။
သူ့သီချင်းတွေက ပရိသတ်တွေကြား ပျံ့နှံ့မလား ဆိုတာကတော့ မကြာခင် သိကြရမှာဖြစ်ပါတယ်။

သူ့ရဲ့ တကိုယ်တော်အယ်လ်ဘမ် မိတ်ဆက်ပွဲ မြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။






.


Viewing all articles
Browse latest Browse all 5236

Trending Articles