Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

နိုင်ငံခြားထောင်နဲ့ မြန်မာထောင်

$
0
0
 ~




ကမ္ဘာပေါ်က ထောင်တွေမှာ လူပြည့် လူလျှံနေတတ်ပေမယ့် နယ်သာလန်နိုင်ငံမှာတော့ အကျဉ်းသားအရေအတွက် နည်းလာလို့ ထောင်တချို့ ပိတ်ဖို့ အစီအစဉ် ရှိနေပါပြီ။
ပိတ်ဖို့ အဆိုပြုထားတာ အကျဉ်းထောင် ၈ ထောင် ရှိပါသတဲ့။


(နယ်သာလန်နိုင်ငံပြ ကမ္ဘာ့မြေပုံ)

သူတို့ဆီမှာ ထောင်တွေက အကျဉ်းသား အရေအတွက် ၁၄,၀၀၀ ထည့်ထားနိုင်တယ်၊ အခု ရှိနေတာ ၁၂,၀၀၀ လို့ ဆိုတယ်။

နယ်သာလန်ပုလိပ်တွေ လူဆိုးဖမ်းတာ ညံ့ပုံရတယ် ဆိုပြီး  စာဖတ်သူတဦးက မှတ်ချက်ပြုပါတယ်။

ဥရောပတိုက်မှာ ဆန္ဒပြသူတွေ မရှိလို့ ထောင်ထဲမှာ လူနည်းလာတာ မဖြစ်နိုင်ဘူးလား။
ထောင်လျှံနေတဲ့မြန်မာပြည်မှာတော့ ဆန္ဒပြသူတွေ အထဲရောက်သွားကြတာ ဟောတယောက် ဟောတယောက်လို့ ဆိုရပါမယ်။
ဒီအကြောင်း ဧရာဝတီမှာ မကြာခဏဖတ်ရမှာပါ။ ဥပမာ ... "နိုင်/ကျဉ်းလွှတ်ပေးရန် တောင်းဆိုသူ အဖမ်းခံရ"http://blog.irrawaddy.org/2013/07/blog-post_86.html
ပြီးတော့ "နော်အုန်းလှ သို့မဟုတ် လယ်တောထဲက နိုင်ငံရေးသမား"  http://burma.irrawaddy.org/archives/47789စသဖြင့် စသဖြင့်။
အပြောင်းအလဲတွေလုပ်နေတဲ့ မြန်မာအစိုးရလည်း ထောင်နဲ့ပတ်သက်လို့ထင်မှတ်မထားတဲ့ အစီအစဉ်တွေ ရှိကောင်း ရှိနိုင်ပါတယ်။
ဆိုကြပါစို့ ... အင်းစိန်ထောင်ရဲ့ အစိတ်အပိုင်းတချို့ကို ပြတိုက်အဖြစ် အသွင်ပြောင်းလိုက်တာမျိုး။
နိုင်ငံရေးအကျဉ်းသားတွေကို ချုပ်ထားလေ့ရှိတဲ့နေရာကို ပြတိုက်အဖြစ် မပြောင်းလဲဘူးလို့ ဘယ်သူ ပြောနိုင်မလဲ။

ဗိုလ်ချုပ်ကြီးတွေလက်ချက်နဲ့ နိုင်ငံရေးသမားအတော်များများ အဲဒီနေရာမှာ သေဆုံးရတာတွေအတွက် နောင်တ ရတဲ့ အနေနဲ့ အမှတ်တရပြတိုက် ဖွင့်ရင်လည်း ဖွင့်ပေးမယ်ဆိုရင်လည်း သင့်တော်ပါတယ်။

ထောင်အကြောင်း ဆက်ရရင် ...  Reuters သတင်းတပုဒ်မှာတော့ သြစတေးလျ အကျဉ်းသား အလုပ်စခန်းတခုအကြောင်း ရေးထားတာ မနေ့က  ဖတ်လိုက်ရပါတယ်။
အကျဉ်းသားတယောက်ရဲ့ တနာရီလုပ်အားခက သြစတေးလျဒေါ်လာ ၁၆ ဒေါ်လာရှိတယ် တဲ့။
မြန်မာငွေနဲ့ဘယ်လောက်ရှိမလဲ ဆိုတော့ ....  ကျပ်တသောင်းခွဲ ဖြစ်ပါလိမ့်မယ်။

ပြီးတော့ ... တပတ်ကို ၄၄ ဒေါ်လာ မုန့်ဖိုး ပေးပါတယ်လို့လည်း ဆိုတယ်။ တယ်ဟုတ်ပါလား။
ဒါဘာဟုတ်သေးလို့လဲ။ ABC သတင်းမှာတော့ တပတ်စာ မုန့်ဖိုးက ဒေါ်လာ ၆၀ လို့ ဆိုတယ်။ ဘယ်ပမာဏက မှန်လဲ မသိပါ။

မိုင်းတွင်းမှာ သွားလုပ်မယ့်အကျဉ်းသားဟာ ထောင်ကထွက်တဲ့အခါ ငွေထုပ်ပိုက်ပြီး ထွက်နိုင်ပါလိမ့်မယ်။

သြစတေးလျ အလယ်ပိုင်းဒေသ မိုင်းလုပ်ငန်းမှာလုပ်ကိုင်ဖို့ အလုပ်သမား ရှာရခက်လွန်းလို့ ဒီလိုအစီအစဉ် ဖြစ်လာတာပါ တဲ့။
အလုပ်သမား ရှာရခက်တယ် ဆိုကတည်းက ဒီအလုပ်  အန္တရာယ်ကြီးမယ်ဆိုတာကို ခန့်မှန်းနိုင်မှာပါ။

သြစတေးလျ ဆိုလို့ တဆက်တည်း ပြောပြရရင်...

သြစတေးလျလုပ်ငန်းရှင်ကြီး  Gina Rinehart ဆိုတဲ့ အမျိုးသမီးက
အကြမ်းဖက်မှုနဲ့ကျတာမဟုတ်တဲ့ အကျဉ်းသားတွေကို ဒဏ်ငွေဆောင်ခိုင်းပြီး လွှတ်ပေးလိုက်ပါ။ ဒါဆို အစိုးရလည်း ပိုက်ဆံရမယ် လို့ ဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ သတင်းတွေမှာ ရေးထားတာပါ။
အခွန်ထမ်းပြည်သူတွေရဲ့ငွေနဲ့ သူတို့ကို ထောင်ထဲမှာ ကျွေးထားရတယ်၊ အပြင်မှာလည်း လုပ်အားတွေ

 

.

Viewing all articles
Browse latest Browse all 5236

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


သင်္ကြန်မှာ မုန့်လုံးရေပေါ် စတုဒီသာ ဒါနပြုမယ်


အစ်ကိုအရင်းက ညီမကို မူးလာတိုင်း ဓါးထောက်မုဒိန်းကျင့် ဗိုက်ထွက်လာမှသိရ


ချယ်ရီရိပ်က မြတ်ဆရာများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


မနောမယအိမ်ခြံမြေရောင်းနည်း


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


သွေးမြေမကျခဲ့သော ဘုရင့်နောင်၏ သီဟိုဠ်ကျွန်း အရေး


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


အောင်ဝေး - ေ ဒၚ ေ အ ာ င် ဆ န်း စု ကြ ည် သို့ေ ချ ပ ချ က် (၂)


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ