Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

စင်္ကာပူ၊ ထိုင်း၊ မလေးတို့မှာ ခေတ်စားနေတဲ့ အပေါင်ဆိုင်လုပ်ငန်း

$
0
0
 ~





စင်္ကာပူ၊ မလေး၊ ထိုင်း၊ဗီယက်နမ်တို့မှာ နေထိုင်စရိတ်က ကြီးလာ၊ လခ ထုတ်တဲ့နေ့အထိလည်း မစောင့်နိုင်ဘူး ဆိုတော့ ဘာဖြစ်လာသလဲ။
ရွှေရတနာပစ္စည်းလိုမျိုး ပစ္စည်းတွေ ယူပြီး အပေါင်ဆိုင်သွားကြတယ်လို့ ဆိုပါတယ်။



စင်္ကာပူက MoneyMax လို့ ခေါ်တဲ့ အပေါင်ဆိုင်ခွဲတခုအတွင်း မြင်ကွင်း  (Photo: Reuters / Edgar Su)


ရင်းနှီးမြှုပ်နှံလိုသူတွေကလည်း အပေါင်ဆိုင်လုပ်ငန်းကို နှစ်သက်လာကြပါပြီ။

စင်္ကာပူက Cash Converters တခုမှာဆိုရင် ရွှေရောင်ဦးတည်ဘွားရုပ်၊ နာမည်ကြီးလက်ကိုင်အိတ်၊ တယော၊ အီလက်ထရွန်နစ်ပစ္စည်း၊ စိန်လက်စွပ် စတဲ့ စတဲ့ ပစ္စည်းတွေကို ထုခွဲနေတာ တွေ့ရတယ်၊
ဝယ်လိုသူတွေကလည်း ပေါချောင်ကောင်းရဖို့ ချောင်းနေကြပါတယ် တဲ့။

Cash Converters ဆိုတာက  သြစတေးလျတို့ ဘာတို့မှာတော့ အပေါင်ဆိုင်လုပ်ငန်းပါပဲ။ သို့သော်လည်း စင်္ကာပူတို့ မလေးရှားတို့မှာက တပတ်ရစ်ပစ္စည်းတွေကို ထုခွဲ ရောင်းချတဲ့နေရာ၊ ၀ယ်တဲ့နေရာ ဆိုပါစို့။

ဆိုင်ခွဲတွေ ရှိတော့ အရောင်းအဝယ် လုပ်လိုသူတွေ အဆင်ပြေပြီပေါ့။

စီးပွားရေးလုပ်ငန်းကိုင်ငန်းခက်ခဲလာတာနဲ့အမျှ ပေါင်မယ့်သူ၊ သို့မဟုတ် ရောင်းမယ့်သူ များသည်ထက်များလာတယ်လို့ လုပ်ငန်းရှင်တယောက်က ဆိုပါတယ်။

ဘဏ်မှာ ငွေချေးဖို့ အခြေအနေ မပေးလို့ ရှိတဲ့ဟာထုတ်ရောင်းရတာဟာ အာရှတလွှားမှာ ရှိကြပါတယ်။
အာရှထဲမှာမှ စင်္ကာပူ၊ မလေး၊ ထိုင်းတို့က ထိပ်တန်းမှာပါ တဲ့။
ထိပ်တန်းမှာ ဆိုတာ အဆင်မပြေမှုရဲ့ ထိပ်တန်းကို ဆိုလိုတာပါ။

ဒါကတော့ ဧရာဝတီသတင်းဌာနအွန်လိုင်းမှာ ဖော်ပြထားတဲ့ Pawnshops Hit Paydirt as Southeast Asians Sweat Before Pay Day
http://www.irrawaddy.org/archives/43676
 ဆိုတဲ့ သတင်းကို ကောက်နုတ်ပြီး ဆီလျော်အောင် ဘာသာပြန်ထားတာပါ။

အာရှနဲ့ပတ်သက်တဲ့ အကျပ်အတည်းဆိုင်ရာသတင်းမှာ မြန်မာပြည်အကြောင်း မပါပါဘူး။
မြန်မာပြည်မှာ အပေါင်ဆိုင်သွားရတာ၊ သို့မဟုတ် အပြီး ရောင်းလိုက်ရတာမျိုးမရှိလို့တော့ ဟုတ်ဟန် မတူပါ။
အချက်အလက် မရလို့ မရေးတာ ဖြစ်ပါလိမ့်မယ်။

ဧရာဝတီက Reuters ရဲ့ သတင်းနဲ့ ဓာတ်ပုံကို ၀ယ်ယူ ဖော်ပြထားတာကြောင့် ဒီဘလော့မှာလည်း သင့်တော်သလို ပြန်သုံးလိုက်ခြင်းလည်းဖြစ်ပါတယ်။
စင်္ကာပူနဲ့ တခြားဒေသအသီးသီးက စာဖတ်သူများထဲမှာလည်း ဒီအကြောင်းအရာကို စိတ်ဝင်စားသူ အများအပြား ရှိနိုင်တာကြောင့် ညွှန်းပေးလိုက်ပါတယ်။


 

 



.

Viewing all articles
Browse latest Browse all 5236