Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အင်ဒိုနီးရှားမှာ မယ်ပြိုင်ပွဲကို ဆန့်ကျင်ကန့်ကွက်

$
0
0
 ~



အမျိုးသမီးတွေရဲ့အသားအရေကို လှစ်ဟပြတဲ့  မယ်ကမ္ဘာပြိုင်ပွဲဟာ မူဆလင်တွေရဲ့အဆုံးအမနဲ့ ကိုက်ညီမှုမရှိဘူး၊ ဒါကြောင့်  ကျင်းပဖို့ ပြင်နေတဲ့ မယ်ကမ္ဘာပြိုင်ပွဲကို ဖျက်သိမ်းဖို့ ဘာသာရေးအဖွဲ့တခုက အင်ဒိုနီးရှားအစိုးရကို တိုက်တွန်းထားတယ်လို့ အရာရှိတဦးက တနင်္လာနေ့မှာ ပြောပါတယ်။

၂၀၀၉ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ West Sumatra ခရိုင်၊ Padan မြို့က အထက်တန်းကျောင်း ကျောင်းသူများ အိမ်ပြန်ဖို့ ကားစောင့်နေပုံ (photo - Reuters)
Indonesian Ulema Council လို့ ခေါ်တဲ့ အဲဒီအဖွဲ့ဟာ အင်ဒိုနီးရှားမှာ သြဇာအရှိဆုံး အစ္စလမ်မစ်အဖွဲ့များထဲက တဖွဲ့ဖြစ်ပါတယ် တဲ့။

ပြိုင်ပွဲစီစဉ်သူများက ဘီကီနီကဏ္ဍဖြုတ်ပေးမယ်၊ အဲဒီအစား လုံချည်ဝတ်ကဏ္ဍ အစားထိုးပါ့မယ်လို့ သဘောတူလိုက်တဲ့ကြားထဲက ဒီလို သဘောမတူမှုတွေ ပေါ်ပေါက်လာတာပါ။

အင်ဒိုက ဒီပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတာကို ဆန္ဒပြကန့်ကွက်တာတွေနဲ့ ပတ်သက်ပြီး  အဖွဲ့ခေါင်းဆောင်တွေက ဒီလဆန်းပိုင်းမှာ အစည်းအဝေးလုပ်တယ်လို့ အဖွဲ့ဥက္ကဋ္ဌ Amidan Shaberah က ပြောပါတယ်။
 
“ကျုပ်တို့ ဆိုချင်တာက ရှင်းပါတယ်၊ ကမ္ဘာ့မယ်ပြိုင်ပွဲကို အင်ဒိုက အိမ်ရှင်လုပ်မှာကို ကျုပ်တို့ လက်မခံဘူး။  ပြိုင်ပွဲမှာ သူတို့ အသားအရေကို ဖော်ပြတာဟာ အစ္စလမ်မစ်အဆုံးအမနဲ့ မကိုက်ညီဘူး”


ဒီအဖွဲ့က ခါတိုင်းလည်း ဆေးလိပ်သောက်ခြင်း၊ ယောဂလေ့ကျင့်ခြင်းတို့ကို ဟန့်တားခဲ့ဖူးပါတယ်။
ဒီလို အငြင်းပွားဖွယ်ဟန့်တားချက်တွေဟာ ဥပဒေကဲ့သို့အာဏာမတည်ပေမယ့်လည်း မလိုက်နာရင် အပြစ်ဖြစ်မယ်လို့ ယူဆသူ အများအပြားက လိုက်နာခဲ့ကြပါတယ်။

ဧရာဝတီ အင်္ဂလိပ်ပိုင်းမှာ တင်ထားတဲ့ သတင်းတပုဒ် ဖြစ်တဲ့
Indonesian Clerics Call for Ban of Miss Worldhttp://www.irrawaddy.org/archives/42864  ကို အနည်းအကျဉ်း ပြန်ရေးပြတာပါ။
အပြည့်အစုံကို အဲဒီမှာ ဖတ်နိုင်ပါတယ်။  

အစိုးရကတော့ စီစဉ်ထားတဲ့အတိုင်း အလှမယ်ပြိုင်ပွဲကို ဆက်လုပ်မယ့်သဘောရှိပါတယ်။
ပြိုင်ပွဲမှာ ဘီကီနီဝတ်ကြမယ် မဟုတ်ဘူးလို့ သိရပါတယ်။

 

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles