Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

သမီးဖြစ်သူရဲ့ ဝတ်လစ်စလစ်ဒီဇိုင်းအတွက် နယူးဇီလန်ဝန်ကြီးချုပ် ဂုဏ်ယူ

$
0
0
နယူးဇီလန် ၀န်ကြီးချုပ် ဂျွန်ကေးက သူ့သမီးဖြစ်သူ စတက်ဖ်နီရဲ့ အ၀တ်ဗလာ ဖက်ရှင်ပုံစံတွေအတွက် အရမ်း ဂုဏ်ယူ တယ်လို့ ပြောလိုက်ပါတယ်။ ၀န်ကြီးချုပ် ဂျွန်ကေးရဲ့ သမီးဖြစ်သူ စတက်ဖ်နီ ကေးဟာ ပဲရစ်ကောလိပ်မှာ အနုပညာ သင်ကြားနေသူပါ။ 


ဓာတ်ပုံ - မစ္စကေး

လာမယ့် လ မှာ ပဲရစ် ဒီဇိုင်းသတင်းပတ်အတွက် ကိုယ့်ကိုယ်ကို ပုံဖော်တဲ့ အနုပညာ ပြပွဲ တခုလည်း ရှိနေတာပါ။ ဓာတ်ပုံတွေမှာ တွေ့ရတဲ့အတိုင်း အသက် ၂၀ အရွယ် မစ္စ ကေးဟာ ကိုယ့် ကိုယ်ကိုယ် အ၀တ်ဗလာနဲ့ အနုပညာမြောက် အောင် ပုံဖော်ထားပါတယ်။ “ဓာတ်ပုံတွေကတော့ သူ့ သင်ခန်းစာတွေရဲ့ အစိပ်အပိုင်းဖြစ်ခဲ့ပါတယ်။ 

ကျနော်တို့ကတော့ သူ အခု လုပ်နေတဲ့ အလုပ် အ ပေါ် အရမ်း ဂုဏ်ယူတယ်” လို့ နယူးဇီလန် ၀န်ကြီးချုပ် မစ္စတာ ကေး က ပြောတာကို ဗြိတိန် အခြေစိုက် Sunday Times က ဖော်ပြထားပါတယ်။ 

၂၀၁၁ ခုနှစ်တုန်းကလည်း မစ္စတာ ကေးရဲ့ အသက် ၁၅ နှစ်အရွယ် သားဖြစ်သူ မက်စ် ဟာ မိသားစုတွေရဲ့ အာရုံစိုက်မှု ရခဲ့ပါသေးတယ်။ ဒါကတော့ ၀န်ကြီးချုပ် အိမ်ရာမှာ ဆိုဖာတခုပေါ်မှာ ကန့်လန့်ဖြတ် အိပ်စက်
နေ တဲ့ ဓာတ်ပုံတပုံကြောင့် ပါ။ 

အိမ့်သံစဉ်~~





Viewing all articles
Browse latest Browse all 5236

Trending Articles