Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အသားအရည်လှပစေဖို့ ရွံ့မီးတောင်မှာ ရေချိုးမယ်

$
0
0
ရွှံ့မီးတောင်က ရွံ့စေးရည်တွေဟာ အသားအရေ လှပဖို့အတွက် ရိုးရာ နည်းတခုပါတဲ့။ 


အခု ဗီဒီယိုမှာမြင်ရမယ့် ကိုလံဘီယာနိုင်ငံက El Totumo အမည်ရတဲ့ ရွှံ့မီးတောင်မှာ နိုင်ငံခြား ခရီးသွား တချို့  သွားရောက်ပြီး ရွံ့ရည်တွေထဲ စိမ်ကာ အသားအရေ ကောင်းစေတဲ့ ကုထုံးကို ခံယူနေကြတာပါ။ 



အဲဒီထဲက တယောက်ပြောတာကလည်း သူ့အသားအရေကောင်းဖို့ အခုလို ရွံ့ရည်နဲ့ ရေချိုးတယ်ပေါ့။ 
ပြောရရင် ရွံ့စေးတွေနဲ့ ခန္ဓာကိုယ် သုတ်လိမ်းပြီး ပွတ်နယ်ပေးတာဖြစ်ပြီး ခဏနေရင် ရေကန်မှာ အဲဒီ ရွံ့စေးတွေကို ပြန်ပြီး ဆေးကြောသန့်စင်ပစ်မှာလို့ ပြောသွားပါတယ်။ 

မြန်မာပြည်မှာရေ ဒီလို ရွံ့မီးတောင် မရှိဘူးလား။
မြန်မာပြည်အလယ်ပိုင်း မင်းဘူးမြို့နယ်က မန်းစက်တော်ခေါ် ရွှေစက်တော် မှာ ရှိတဲ့ ရွှံ့မီးတောင်ဆိုရင် လူသိများကြပါတယ်။ ဒါပေမယ့် အပူချိန်က များတော့ ဘယ်လိုမှ အဲဒီရွှံ့ရည်ကို စိမ်ချိုးလို့ မရနိုင်လောက်ပါ ဘူး။ မြန်မာနိုင်ငံက တချို့ လူတွေကတော့ ရွံ့မီးတောင်က ရွံ့ရည်ပွက်နေတာကို နဂါးပွက်နေတယ်လို့ ယူဆနေကြတာလည်း ရှိပါတယ်။ 


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရွံ့မီးတောင်တွေ တော်တော်များများ ရှိပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က ကျောက်ဖြူမြို့နယ် ဘောရဘာ ရွာက ရွံ့မီးတောင်ဟာ တတိယအကြိမ် 
ပေါက်ကွဲခဲ့ပါသေးတယ်။ တခြား မြန်မာနိုင်ငံ ဒေသတချို့မှာလည်း ရွံ့မီးတောင်တွေ ရှိကြပါတယ်။ 

အသားအရေလှပစေတဲ့ အကြောင်းကတော့ ရွံ့မီးတောင်က ထွက်လာတဲ့ ရွံ့ရည်တွေမှာ ခန္ဓာကို အသားအရေကို အဓိက လှပချောမွတ်စေတဲ့ ဓာတ်သတ္တုတွေပါဝင်တာကြောင့်ဖြစ်တယ်လို့ ပြင်သစ် မဂ္ဂဇင်းတစောင်ဖြစ်တဲ့ Elle က ဖော်ပြထားပါတယ်။ 


ဒါကြောင့် အသားအရေ လှပ ၀င်းလက်နေစေဖို့အတွက် ရွံ့မီးတောင်တွေကို စိတ်ဝင်စားနေကြမယ် ထင်ပါတယ်။ 

အိမ့်သံစဉ် ~




 ဒါကတော့ မြန်မာပြည်က ရွှေစက်တော်မှာ ရှိတဲ့ ရွံ့မီးတောင်ပါ။



Viewing all articles
Browse latest Browse all 5236

Trending Articles