Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဗဟိုဘဏ် ဒါရိုက်တာ အဖွဲ့ဝင် ၅ ဦး ခန့်အပ်

$
0
0
မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒါရိုက်တာ အဖွဲ့ဝင် ခန့်အပ်တာဝန်ပေးတာကို သမ္မတရုံးက ဒီကနေ့ သြဂုတ်လ ၁၄ ရက်နေ့စွဲနဲ့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။  

ခန့်အပ်ခံရသူတွေကတော့ ဦးကြည်ရှိန်၊ ဦးမော်သန်း၊ ဦးကျော်မင်းထွန်း၊ ဦးသန်းအောင်ရင်နဲ့ ဒေါက်တာ လှမောင်တို့ဖြစ်ကြပါတယ်။ 

အမိန့်အပြည့်အစုံကို သမ္မတရုံး ၀က်ဆိုက်မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။


  မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် ၃၄ / ၂၀၁၃ 
၁၃၇၅ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် (၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်) 


မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးခြင်း 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၉ ပါ ပြဋ္ဌာန်းချက် အရ 
အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဒါရိုက်တာ အဖွဲ့ဝင်များအဖြစ် ခန့်အပ် တာဝန်ပေးလိုက်သည်- 

(၁) ဦးကြည်ရှိန် အဖွဲ့ဝင် 

(၂) ဦးမော်သန်း အဖွဲ့ဝင် 

(၃) ဦးကျော်မင်းထွန်း အဖွဲ့ဝင် 

(၄) ဦးသန်းအောင်ရင် အဖွဲ့ဝင် 

(၅) ဒေါက်တာလှမောင် အဖွဲ့ဝင် 



(ပုံ) သိန်းစိန်
 နိုင်ငံတော်သမ္မတ 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Viewing all articles
Browse latest Browse all 5236

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


ဂျူးပင် စိုက်ပျိုးနည်း


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။