အရှေ့တောင် အာရှ အားကစားပွဲတော် ၂၇ ကြိမ်မြောက်ကို မြန်မာနိုင်ငံက အိမ်ရှင် အဖြစ်လာမယ့်
အောက်တိုဘာလမှာ စတင်ကျင်းပမှာ ဖြစ်လို့ အခုဆို နေပြည်တော်မှာ လေ့ကျင့်မှုတွေ၊ ပြင်ဆင်မှုတွေ
တော်တော် များများ ပြီးစီးလုဖြစ်နေပါပြီ။
အောက်တိုဘာလမှာ စတင်ကျင်းပမှာ ဖြစ်လို့ အခုဆို နေပြည်တော်မှာ လေ့ကျင့်မှုတွေ၊ ပြင်ဆင်မှုတွေ
တော်တော် များများ ပြီးစီးလုဖြစ်နေပါပြီ။
တချို့နိုင်ငံက လာရောက်ယှဉ်ပြီးမယ့် အစီအစဉ်တချို့ ရုပ်သိမ်းသွားတာမျိုး ရှိသလို တချို့နိုင်ငံတွေလည်း လာဖို့အတွက် အဆင်သင့်ဖြစ်နေကြပြီဆိုတာတွေလည်း သတင်းတွေမှာ တွေ့နေရပါတယ်။
လာမယ့် ၂၀၁၄ ခုနှစ် အာဆီယံအသင်းကြီးရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးဆက်ခံမယ့် မြန်မာနိုင်ငံဟာ အခုအခါ ကမ္ဘာ့အလယ်မှာ ပြုပြင်ပြောင်းလဲရေးများနဲ့ ရေပန်းစားနေပါတယ်။
လွတ်လပ်ပွင့်လင်းမှုတွေ စတင်လာတဲ့ မြန်မာကို သွားချင်လာချင်သူတွေ၊ မိတ်ဆွေဖွဲ့လိုသူတွေနဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဘ၀ ရောက်နေချိန်ဆိုလည်း မမှားပါဘူး။
ဒီလိုအချိန်ကိုက် SEA Games ကို အိမ်ရှင် အဖြစ် ကျင်းပမှာဖြစ်လို့ မြန်မာ့ ဂုဏ်ရောင်ကို ဘယ်လို ပြန် တင်ကြ မလဲ ဆိုတာ နိုင်ငံသား တဦးချင်းစီရဲ့ တာဝန်လည်းဖြစ်ပါတယ်။
မကြာသေးခင်က နေပြည်တော်က ဘောလုံးပွဲ ပဋိပက္ခနဲ့ အကျည်းတန်မှုကတော့ SEA Games အကြို အရှက် ရစရာတခုလည်းဖြစ်ပါတယ်။
နေ့စဉ် ကြားနေရပေမယ့် မရိုးသွားတဲ့ အနုပညာ အင်မတန် အားကောင်းတဲ့ SEA Games သီချင်းကို
တော့ ဘောလုံးပွဲ လာကြည့်သူတွေထဲက လူရမ်းကားတချို့အနေနဲ့ အားနာဖို့တော့ ကောင်းတယ်လို့
ဝေဖန်သံတွေလည်း ပေါ်ထွက်လာနေပါတယ်။
သူတို့ကိုလည်း မကြာခင် စံပြအဖြစ် အရေးယူ အပြစ်ပေးမယ့် လေသံတွေလည်း ကြားနေရပါပြီ။
အိမ့်သံစဉ် ~