Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကင်တာနား ရခိုင်ပြည်နယ်မှာ ဆန္ဒပြမှုနှင့် ကြုံ

$
0
0
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ် အိုဟေး ကင်တာနားဟာ မနေ့က ရခိုင်ပြည်နယ် စစ်တွေကို သွားရာမှာ ဒေသခံတချို့ရဲ့ ဆန္ဒပြ ကန့်ကွက်မှုတွေနဲ့ ကြုံခဲ့ရတယ်လို့ သိရပါတယ်။


ဒေသခံတွေက မစ္စတာ ကင်တာနားဟာ မကြာသေးခင်က လူမျိုးရေး ပဋိပက္ခဖြစ်ပွားမှုတွေမှာ တိုင်းရင်း သား အခွင့်အရေးတောင်းဆိုနေတဲ့ ဘင်္ဂလီ (ရိုဟင်ဂျာ) တွေဘက်က ရပ်တည်လုပ်ဆောင် ခဲ့တယ်လို့ စွပ်စွဲပြောဆိုနေခဲ့တာ ကြာပြီဖြစ်ပြီး အခု ခရီးစဉ်အတွင်းလည်း ဒါကို သတိပေးတဲ့အနေနဲ့ ကင်တာနား အလို မရှိ ဆိုတဲ့ ဗီနိုင်းတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာလို့ ဒေသခံ တဦးက ဧရာဝတီကိုပြောပါ တယ်။ 


"အဓိက ပြောချင်တာက သူ့အနေနဲ့ မျှမျှတတ၊ မှန်မှန် ကန်ကန် ဖြစ်စေချင်လို့ ဆန္ဒပြခဲ့ကြတာပါ" လို့ သူက ပြောပါတယ်။ 

ကင်တာနားကလည်း မနေ့က စစ်တွေမှာ အခုလို ဆန္ဒပြမှုတွေ ရှိခဲ့တာအပေါ် မြန်မာနိုင်ငံအတွင်းမှာ အခုလို ဆန္ဒပြခွင့် ရတာ အလွန်ကောင်းကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။ သူ့အနေနဲ့တော့ အားလုံးရဲ့ အခြေအနေမှန်ကို သိဖို့ ဆက်လက်လုပ်ဆောင်သွားမှာလို့ ပြောသွားပါတယ်။ 

ကင်တာနား မလာခင် ရက်ပိုင်းကလေးမှာပဲ စစ်တွေမြို့နယ်က ဘင်္ဂလီ ဒုက္ခသည်စခန်းတခု အနီး မှာ 
ရေနစ်သေဆုံးတဲ့ ဘင်္ဂလီ အလောင်းတလောင်းကို ရဲက စစ်ဆေးရာမှာ အလောင်း ပြန်တောင်းတဲ့ ဘင်္ဂလီ လူအုပ်ကြီးနဲ့ ရဲတို့အကြား တင်းမာမှုဖြစ်ခဲ့ပြီး ရဲ တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး ဘင်္ဂလီ ၂ ဦး 
သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ 

 ဒီလို ပဋိပက္ခဖြစ်ခဲ့ရတာကို ဒေသခံတွေက ကင်တာနား လာခါနီးလို့ ကမ္ဘာက အာရုံစိုက်မှု ရအောင် အခုလို အချိန်ကိုက် ပြဿနာ ဖန်တီးတာဖြစ်တယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။ 


 

အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles