Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မိုးကုတ်မြို့က ခရိုနီ သူဌေးကြီး ဦးယောဆက်

$
0
0


လီဆူးတိုင်းရင်းသား ဦးယောဆက်က မိုးကုတ်မြို့မှာတော့ အထင်ကရ ကျောက်သူဌေးကြီးဖြစ်ပါတယ်။
သူက ကျောက်လုပ်ငန်းအပြင် တခြား စီးပွားရေးတွေလည်း လုပ်သူပါ။

သိပ်မကြာသေးခင်က ထောင်ထဲကနေ ထွက်လာသူ အသက် ၅၀ ကျော် အရွယ်  ဦးယောဆက် (ဓာတ်ပုံများ - စည်သူလင်း)

မြန်မာပြည်ရဲ့ တခြားသော လုပ်ငန်းရှင်ကြီးများနည်းတူ သူလည်း စစ်ဗိုလ်ချုပ်ကြီးတွေထဲက တချို့နဲ့ ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် ထိတွေ့မှု အနည်းနဲ့အများ ရှိခဲ့ပုံ ရတယ်လို့  ဒေသခံတို့က ယူဆကြပါတယ်။
သို့သော်လည်း တခြား ခရိုနီကြီးတို့နဲ့ မတူတဲ့အချက်ကတော့ သူက ဆယ်နှစ်ထက်မနည်း အကျဉ်းထောင်ထဲ ရောက်သွားရခြင်းပါပဲ။
မကြာသေးခင်က သူ ထောင်ထဲက ထွက်လာပါပြီ။

အခုတော့ မိုးကုတ်မြို့မှာရှိတဲ့ သူ့ရဲ့ ရွှေလိပ်ပြာ ဟိုတယ်မှာ အချိန်အတော်များများ ရှိနေပြီး သူ့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို  စီမံခန့်ခွဲနေဟန်တူပါတယ်။
ရန်ကုန်မှာရှိတဲ့ အထင်ကရ ဟိုတယ်တခုကိုလည်း သူနှစ်သက်တဲ့ ရွှေလိပ်ပြာ ဆိုတဲ့ နာမည်ကို ပြန်ပြောင်းလိုက်ပါပြီလို့ သူက ပြောပြပါတယ်။



မိုးကုတ်ရွှေလိပ်ပြာမှာရှိတဲ့ သူ့ရဲ့အလုပ်ခန်းထဲမှာ ကျောက်မျက်ပစ္စည်းများကို တခမ်းတနား ခင်းကျင်းပြသထားတာ တွေ့ရပါတယ်။
အလုပ်ခန်းကိုလည်း ရွှေလိပ်ပြာခြံထဲမှာ ရှိတဲ့ ထင်းရှူးသားတွေ သုံးပြီး သားသားနားနား ပြန်လည် ပြင်ဆင်ထားတာ တွေ့ရပါတယ်။
သူ့ရဲ့ ပေါင်းသင်းဆက်ဆံရေးက တကယ့်ကို လှိုက်လှိုက်လှဲလှဲပါပဲ။



ဇွန်လဆန်းပိုင်းက တွေ့ဆုံမေးမြန်းထားတွေထဲက ကောက်နုတ်ချက်တွေကို အင်တာဗျူး အပိုင်း ၁ နဲ့ ၂ အဖြစ် မနက်ဖြန်ကစတင်ပြီး ဒီ ဧရာဝတီဘလော့မှာ  ဖော်ပြပါမယ်။
သူ့ရဲ့ စီးပွားရေးအကြောင်း၊ မိသားစု နဲ့ ကိုယ်ရေးကိုယ်တာတွေအကြောင်း ဖတ်ရမှာ ဖြစ်ပါတယ်။
 

.


Viewing all articles
Browse latest Browse all 5236

Trending Articles