Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

၁၄ နှစ်သမီး စိတ်ကူးချိုချို

$
0
0
 စာအုပ်ကောင်းတွေကိုအားပေးချင်သူတွေ၊ လျှော့ဈေးပေးတဲ့ဈေးရောင်းပွဲတွေမှာ ၀ယ်ယူစု ဆောင်းတဲ့သူတွေ အကြိုက်တွေ့မယ့် စိတ်ကူးချိုချို  စာအုပ်တိုက် ၁၄ ပြည့် စာအုပ်ဈေးရောင်းပွဲ လာပါပြီ။



ရန်ကုန်မြို့ဗဟန်း၊ ကြားတောရအုတ်လမ်းက အဏ္ဏ၀ါဓမ္မာရုံမှာ စိတ်ကူးချိုချို စာအုပ်တွေကို၂၀% ဈေးလျှော့ရောင်းမယ်၊ စာအုပ်ရောင်းပွဲကို ၂၉.၇.၂၀၁၃ (တနင်္လာ) ကနေ ဆယ်ရက်ကြာ ကျင်းပ ပြုလုပ်သွားမယ်လို့ သိရှိရပါတယ်။
မနက် ၉း၀၀ ကနေ ညနေ ၅း၃၀ အတွင်း သွားရောက်ဝယ်ယူနိုင်မှာပါ။

စာအုပ်တွေထဲမှာ မူကြိုနဲ့ မူလတန်းအဆင့် သင်ကြားရေးစာအုပ်အသစ်များ၊  ကျန်းမာရေးနဲ့လူငယ်ဆိုင်ရာစာအုပ်သစ်များ၊ ကလေးများအတွက် ပုံပြင်စာအုပ်အသစ်များလည်း ပါဝင်မှာပါ။

ဝယ်ယူအားပေးကြမယ့် စာချစ်သူတွေအတွက် လက်ဆောင် အမျိုးမျိုးလည်း စီစဉ်ထားပါတယ် တဲ့။

ဖိတ်စာရရှိထားသူတွေကတော့ ဈေးရောင်းပွဲ  သွားတဲ့အခါ ဖိတ်စာနဲ့အတူပါတဲ့ ကူပွန်ကိုယူသွားသင့်ပါတယ်။
သူတို့တိုက်က ထုတ်မယ့် စာအုပ်ကို လက်ဆောင်ထုတ်ယူနိုင်မယ့် ကူပွန်ပါ။ စာအုပ်တိုက် ၁၄ ပြည့် အမှတ်တရ အဖြစ်
ရွေးချယ်စုစည်းတဲ့ ဆောင်းပါး၁၄ပုဒ် (သို့မဟုတ်) မြန်မာဝတ္ထုတို(၂၀၁၂)တို့ ဖြစ်ပါတယ်။
ပြီးတော့ အောက်ဖော်ပြပါ ဆိုင်တွေမှာ ကျပ် ၃,၀၀၀ ဖိုး ၀ယ်ယူစားနိုင်တဲ့ကူပွန် ဖြစ်ပါတယ် တဲ့။

လာဘ်ဖူးပွင့် (လောကနတ်ပြခန်းအောက်)၊
ရတနာကဖီး (အိန္ဒိယသံရုံးရှေ့)၊
အိပ်မက်စိမ်း(၁၀၆၊ ဘီ၊ ဆိပ်ကမ်းသာလမ်း)
ကြက်လျှာစွန်း (မဟာဗန္ဓုလလမ်းနဲ့ ပန်းဆိုးတန်းထောင့်)

အဲဒါကတော့ ဖိတ်စာရရှိထားသူတွေအတွက် အခွင့်အရေးပါ။

စိတ်ကူးချိုချိုရဲ့ စာအုပ်ဈေးရောင်းပွဲကို အလွတ်ခံလို့တော့ မဖြစ်ပါဘူး ဆိုတဲ့သူတွေအတွက် နေရာအတိအကျကို ညွှန်းရမယ် ဆိုရင် အဏ္ဏ၀ါဓမ္မာရုံ၊ ကြားတောရလမ်း၊ ဗဟန်းဖြစ်ပါတယ်။
ဘတ်စ်ကားနဲ့ သွားမယ် ဆိုရင်တော့ ဗဟန်း ၃ လမ်း မှတ်တိုင်မှာ ဆင်းရပါမယ် ဆိုတဲ့အကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။

ရွက်စိမ်း ~



.


Viewing all articles
Browse latest Browse all 5236

Trending Articles