Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဧရာဝတီ မဂ္ဂဇင်းကို APC က ထူးချွန်ဆု ချီးမြှင့်

$
0
0
မြန်မာနိုင်ငံက “ဧရာဝတီ မဂ္ဂဇင်း” ကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ ၇ ကြိမ်မြောက် “အာရှ ထုတ်ဝေရေး ညီလာခံ” (Asian Publishing Convention) က အာရှထုတ်ဝေရေး ဆုများ (Asia Publishing Awards) ချီးမြှင်ပွဲမှာ ထူးချွန်ဆု (Excellence Award) ချီးမြှင့်လိုက်ပါတယ်။ 



မဂ္ဂဇင်းနှင့် အွန်လိုင်းထုတ်ဝေသူများ အတွက်ကျင်းပပြုလုပ်ပေးတဲ့ အာရှ ထုတ်ဝေရေးညီလာခံကို ASEAN နိုင်ငံတွေမှာ ၂၀၀၇ က စလို့ နှစ်စဉ် ကျင်းပခဲ့ပြီး ဇူလိုင်လ ၁၁ နှင့် ၁၂ ရက် နေ့တွေမှာ
ကျင်းပ လေ့ရှိပါတယ်။ 

ယခုကျင်းပတဲ့ ၇ ကြိမ်မြောက် အာရှ ထုတ်ဝေရေး ညီလာခံ (၂၀၁၃) ကို နှစ်ရက်ကြာကျင်းပ ပြီးတော့ ရွှေဆု (Golden Award) နဲ့ ထူးချွန်ဆု (Excellence Award) ကို ဒုတိယနေ့ (ဇူလိုင်လ ၁၂ ရက်၊ သောကြာနေ့) မှာပြုလုပ်တဲ့ ညစာစားပွဲအခန်းအနားမှာ တရားဝင် ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။ 

ဒီဆုတွေကို နိုင်ငံတကာ အကဲဖြတ်ဒိုင်များက ခေါင်းစဉ် ၁၈ ခုနဲ့ ရွေးချယ်ပေး တာဖြစ်ပြီးတော့ “ဧရာဝတီ မဂ္ဂဇင်း” က “ပါဝင်သော အကြောင်းအရာ တိုးတက်မှု (Content Development)” ခေါင်းစဉ်အောက်မှာ ထူးချွန်ဆု ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ 

ဒီနှစ် ညီလာခံမှာ နိုင်ငံ ၈ ခုကနေ ၀င်ရောက် ယှဉ်ပြိုင်လာတဲ့ စာနယ်ဇင်း ၁၇၁ ခုရှိခဲ့ပါတယ်။ ညီလာခံရဲ့ အစီအစဉ်မှာ မျက်နှာစုံညီ အစည်းအဝေးနဲ့ အပိုင်းလိုက် ဆွေးနွေးပွဲတွေ ပေါင်းစပ်ထားပြီး ကမ္ဘာ အရပ်ရပ်မှ မာလ်တီမီဒီယာ လုပ်ငန်းခေါင်းဆောင်များနှင့် မီဒီယာ ကျွမ်းကျင်သူများ တက်ရောက်ကြ ပါတယ်။ 

ကိုယ်စားလှယ်တွေ အနေနဲ့လည်း နှစ်ရက်တာ ကာလအတွင်းမှာ ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ နဲ့ လက်ရှိ မီဒီယာ လောကရဲ့ ဖြစ်ထွန်း တိုးတက်မှုတွေနဲ့ ပြောင်းလဲလာတဲ့ မီဒီယာ အလေ့အထတွေ ကို ခေါင်းစဉ်တခု သတ်မှတ်ပြီး သရုပ် ပြဆွေးနွေးပွဲတွေကို ပါဝင်တက်ရောက်ကြပါတယ်။ 

သူတို့ရဲ့ အတွေးအခေါ်တွေနဲ့ ကျွမ်းကျင်မှုတွေကို ပိုမိုထက်မြက်လာအောင် လေ့လာရင်းနဲ့ ၀ါရင့် ထုတ်ဝေ
ရေး ပညာရှင်တွေနဲ့ ဆက်သွယ်ထိတွေ့ခွင့်လိုမျိုး ရှားပါးတဲ့ အခွင့်အရေးတွေ ရရှိနိုင်ကြပါတယ်။ 

အာရှ ထုတ်ဝေရေးညီလာခံကို Exedra Events က တာဝန်ယူစီစဉ် ကျင်းပပေးတာဖြစ်ပြီးတော့ ညီလာခံ
ဖြစ်မြောက်ရေးအတွက် ပါဝင် ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းပေါင်း ၂၀ ကျော်ရှိပါတယ်။

Viewing all articles
Browse latest Browse all 5236

Trending Articles