Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

တယ်လီဖုန်းပေါ် ရောက်လာတဲ့ ပြန်ကြားရေး ၀န်ကြီးဌာန

$
0
0
နည်းပညာခေတ်ကြီးထဲမှာ မိုဘိုင်း တယ်လီဖုန်းဆိုတာ လူတိုင်းအတွက် အသုံးအဆောင်ပစ္စည်း တခုဆိုပေ မယ့် ဘက်စုံ အသုံးတည့်ပါတယ်။ ခေတ်နဲ့ အညီပဲ မြန်မာနိုင်ငံက ပြန်ကြားရေး ၀န်ကြီးဌာနသတင်းတွေကို အန်ဒရွိုက်တယ်လီဖုန်းပေါ်က ဒီကနေ့က စပြီး ဖတ်လို့ ရပါပြီတဲ့။ 

 ဓာတ်ပုံ- ပြန်ကြားရေး ၀န်ကြီး ဌာန ၀က်ဆိုက်စာမျက်နှာ

“ယခုအခါ ပြန်ကြားရေးဝန်ကြီးဌာန၏ Web Media Portal ကို Android စနစ်သုံး Mobile ဖုန်းများနှင့် Tablet များပေါ်တွင် လွယ်ကူအဆင်ပြေစွာ ကြည့်ရှုနိုင်စေရန် ၁၅.၇.၂၀၁၃ ရက်နေ့မှ စတင်၍ www.m.moi.gov.mm အမည်ဖြင့် စမ်းသပ် ထုတ်လွှင့်သွားမည်ဖြစ်ပြီး ဆက်လက်၍ Android Mobile စနစ်သုံး ဖုန်းများနှင့် Tablet များပေါ်တွင် အသုံးပြုနိုင်မည့် APK Software နှင့် i-Phone အသုံးပြုသူများ အတွက် Mobile Version များကို ဆက်လက်ထုတ်ဝေ ဖြန့်ချိသွားမည် ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည်” လို့ ပြန်ကြားရေး ၀န်ကြီးဌာနက သတင်းတပုဒ်က ဆိုပါတယ်။ 

မြန်မာနိုင်ငံ၊ ပြန်ကြားရေး ၀န်ကြီးဌာနက မီဒီယာကဏ္ဍမှာ ပြည်သူဗဟိုပြု ၀န်ဆောင်မှုကို သွားနေချိန် မှာ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ အင်တာနက် စာမျက်နှာကို www.moi.gov.mm အမည်နဲ့ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက စတင်လွှင့်တင်ခဲ့ပါ တယ်။ 

အခုတော့ ပြန်ကြားရေးရဲ့ သတင်းထုတ်ပြန်မှုတွေဟာ အန်ဒရွိုက်တယ်လီဖုန်းတွေပေါ်မှာ ဖတ်လို့ ရပြီဖြစ်လို့ 
နိုင်ငံခြား ကုမ္ပဏီများကလည်း ၀င်လာ၊ ဈေးချိချို ဆင်းမ်းကတ်နဲ့ ဖုန်းခေါ်ဆိုခတွေလည်း သုံးရမှမို့ အများ ပြည် သူ နဲ့ ပိုပြီး နီးစပ်လာနေပြီလို့ ပြောလို့ရမယ် ထင်ပါတယ်။ 

နိုင်ငံတိုင်း လိုလိုရဲ့ အစိုးရ တိုင်းဟာ ပြန်ကြားရေး ကိစ္စအပေါ် အထူးအလေးထား ကိုင်တွယ်လေ့ ရှိပါတယ်။ ဒါပေမယ့် ပြန်ကြားရေး ၀န်ကြီးဌာနရယ်လို့ သီးခြား မရှိတာ များပါတယ်။ 

အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles