Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဗုဒ္ဓဂယာတွင် ပေါက်ကွဲမှုများဖြစ်၊ ၅ ဦး ဒဏ်ရာရ

$
0
0
အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် ဗုဒ္ဓဂယာတွင် ယနေ့ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ပေါက်ကွဲမှု ၉  ခု ထက် မနည်း ဖြစ်ခဲ့လို့ အနည်းဆုံး လူ ၅ ဦး ဒဏ်ရာရပြီး တဦးမှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။ 


မဟာဗောဓိ စေတီဘုရားကျောင်း ပရ၀ုဏ်အတွင်း ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ Zeenews.com အွန်လိုင်း သတင်း တပုဒ် မှာ ဖော်ပြထားပါတယ်။ 

သတင်းတွေအဆိုအရ မဟာဗောဓိ စေတီကို ထိခိုက် ပျက်ဆီးမှု မရှိဘူးလို့ သိရပြီး အခင်းဖြစ်ရာကို ဗုံး ကျွမ်းကျင်အဖွဲ့၊ မှုခင်း အဖွဲ့တွေလည်း ချက်ချင်း ရောက်သွားတယ်လို့ အဆိုပါသတင်းက ဆိုပါတယ်။ 

အဆိုပါ ဒေသ ရဲတပ်ဖွဲ့ အကြီးအကဲက ပြောရာမှာ အခင်းဖြစ်ပွားရာနေရာမှာ မပေါက်ကွဲသေးတဲ့ ဗုံး ၂ လုံးကို ဖယ်ရှားနိုင်ခဲ့ တယ်လို့ ဆိုတယ်။ ပေါက်ကွဲမှုတွေဟာ ၂ မိနစ်ခြားစီ ဖြစ်ပြီး ပထမဆုံး ဗုံးပေါက်ကွဲ မှုဟာ ဒေသစံတော်ချိန် ယနေ့ နံနက် ၅ နာရီခွဲက ဖြစ်တယ်လို့ ဆိုတယ်။ 

အတည်မပြုနိုင်သေးသောသတင်းတချို့အရ အဆိုပါ ဒဏ်ရာရသူများမှာ စေတီဝင်းအတွင်းရှိ မြန်မာ ရဟန်းတော် တပါးအပါအ၀င် ဗုဒ္ဓဘာသာရဟန်းတော်များဖြစ်တယ်လို့ ဆိုပါတယ်။ 

အမျိုးသား စုံစမ်းစစ်ဆေးရေး အေဂျင်စီ -NIA က အခြေအနေကို စောင့်ကြည့်ကြီးကြပ်ဖို့အတွက် ပေါက်ကွဲ မှုဖြစ်တဲ့နေရာကို အဖွဲ့တဖွဲ့ အမြန်ဆုံး စေလွှတ်ထားတယ်လို့ ဆိုပါတယ်။ 

ဘီဟာ ၀န်ကြီးချုပ် Nitish Kumar လည်း ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာကို ထွက်ခွာသွားပြီလို့လည်း အတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဆိုတယ်။ 

ဗုဒ္ဓဂယာရှိ မဟာဗေဓိ စေတီဟာ ဗုဒ္ဓဘာသာဝင်ဘုရားဖူးတွေအတွက် အထွဋ်အမြတ်ထားရာ အထင် ကရ နေရာ တခု လည်း ဖြစ်ပါတယ်။ 

အိန္ဒိယပြည်ထဲရေးဝန်ကြီးကတော့ အခု ဆက်တိုက်ပေါက်ကွဲမှုတွေဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ အကြမ်းဖက် တိုက်ခိုက်မှု တခု အနေနဲ့ ပြောဖို့ စောသေးတယ်လို့ ဆိုထားပါတယ်။ 


အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles