Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

တယ်လီနော်က မြန်မာကျွမ်းကျင် လုပ်သားတွေကို အလုပ်ပေးမယ်

$
0
0
ယမန်နေ့က မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက  အော်ပရေတာ လုပ်ငန်း လိုင်စင်ချပေးလိုက်တဲ့ နိုင်ငံခြား ကုမ္ပဏီ ၂ ခုထဲက နော်ဝေ အခြေစိုက် တယ်လီနော် က သူ့ရဲ့ တယ်လီနော် မြန်မာဆိုတဲ့  ဖေ့စ်ဘုတ် စာမျက်နှာမှာ မြန်မာနိုင်ငံသား ၀န်ထမ်းတွေ အများစုကို ခန့်သွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။ 

 Telenor ကုမ္ပဏီတံဆိပ်ကို ဤသို့တွေ့ရသည် (ဓာတ်ပုံ – Telenor ဝက်ဘ်ဆိုက်)

ကုမ္ပဏီအနေနဲ့ တယ်လီဖုန်း လုပ်ငန်းတွေကို အမြန်အကောင်ထည်ဖော်မှာဖြစ်ပြီး မြန်မာနိုင်ငံသား ကျွမ်းကျင် သတွေကို အလုပ်ပေးကာ တယ်လီဖုန်း ခေါ်ဆိုမှုကိုလည်း သက်သာတဲ့နှုန်းထားတွေနဲ့ လုပ်ဆောင်မယ်လို့ ကုမ္ပဏီရဲ့ အာရှဒေသဆိုင်ရာ ဆက်သွယ်ရေး ညွန်ကြားရေးမှူး ဂလန်မန်ဒီလစ် က ပြောတယ်လို့ အဆိုပါ ဖေ့စ်ဘုတ်စာမျက်နှာက ဆိုပါတယ်။

“မြန်မာက ကျနော်တို့ကုမ္ပဏီအတွက် အလုပ်ခန့်မယ့်လူအများစုဟာ ဒေသခံဝန်ထမ်းတွေပဲ ဖြစ်မှာပါ။ ဒါကြောင့် ကျနော်တို့ ကုမ္ပဏီအသစ်မှာ လိုအပ်တဲ့နေရာတွေ အတွက် ဒေသခံ ကျွမ်းကျင်တဲ့သူတွေကို ခန့်အပ်သွားမှာလည်းဖြစ်ပါတယ်။ ကျနော်တို့က အာရှမှာလည်း လုပ်ငန်း အတွေ့အကြုံတွေရှိပါတယ်။ ကျနော်တို့ရဲ့ ၀န်ဆောင်မှုဟာလည်း မြန်မာလူထုတွေ အားလုံး တတ်နိုင်ရမှာ ဖြစ်ပါတယ်။” လို့ ကုမ္ပဏီရဲ့ အာရှဒေသဆိုင်ရာ ဒါရိုက်တာက ပြောထားပါတယ်။ 

ယမန်နေ့ ညနေပိုင်းက မြန်မာဆက်သွယ်ရေးနဲ့ တယ်လီဖုန်း အော်ပရေးတာ၊ နည်းပညာကဏ္ဍအတွက် လုပ်ပိုင်ခွင့် လိုင်စင်ကို ကြေညာခဲ့ရာမှာ အဆိုပါ နော်ဝေ တယ်လီနော် နဲ့အတူ ကာတာ နိုင်ငံ အခြေစိုက် 
အော်ရီဒူး ကုမ္ပဏီ ၂ ခု က အောင်မြင်ခဲ့ကြတာပါ။ 

စာရင်းဇယားများအရ ယမန်နှစ်ကထိ ကမ္ဘာတလွှား တယ်လီနော် မိုဘိုင်းဖုန်း အသုံးပြုသူဟာ ၁၄၈ သန်း ရှီတယ်လို့ သိရပြီး နော်ဝေ ခရိုနာ ဘီလျံ ၁၀၀ ကျော် ( အမေအရိကန် ဒေါ်လာ ၂၀ ဘီလျံ) ရှိကာ  ၀န်ထမ်း ၃ သောင်းကျော် ရှိတယ်လို့လည်း သိရပါတယ်။ 

အဆိုပါ တင်တာ အောင်မြင်တဲ့ ကုမ္ပဏီ ၂ ခုနဲ့ပတ်သက်တဲ့ သတင်းကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ
ဧရာဝတီ သတင်းထောက် မေစစ်ပိုင်ရေးသားတင်ပြထားတဲ့နော်ဝေမှ Telenor နှင့် ကာတာမှ Ooredoo တို့ မြန်မာ့ဆက်သွယ်ရေး တင်ဒါ အနိုင်ရရှိ  (http://burma.irrawaddy.org/archives/43196) ဆိုတဲ့ သတင်းမှာလည်း အပြည့်အစုံဖတ်နိုင်ပါတယ်။ 


အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles