Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အမေရိကန် တဒေါ်လာဈေး ကျပ် ၁၀၀၀ ကျော်ထိ မြင့်တက်

$
0
0
ရန်ကုန်မြို့က နိုင်ငံခြားငွေလဲလှယ်တဲ့ ဈေးကွက်မှာ အမေရိကန် ဒေါ်လာဝယ်ယူတာများလာတာကြောင့် ဒီကနေ့ မြန်မာငွေဈေးဟာ တဒေါ်လာ ကျပ် ၁၀၀၅ ကျပ် အထိဈေး ထိုးတက်သွားပါတယ်။ 


ယခု နှစ်ဦးပိုင်းလောက်က ပုံမှန်အားဖြင့် အမေရိကန် တဒေါ်လာကို မြန်မာကျပ်ငွေ ၈၅၀ နဲ့ ၈၇၀ အကြား ရှိခဲ့ရာမှ မေလ ဆန်းပိုင်းက စပြီး ဒေါ်လာဈေးတက်သွာတော့ အမေရိကန်တဒေါ်လာကို ကျပ် ၉၅၀ ၀န်းကျင် ထိ ရောက်သွားခဲ့တာပါ။ 

အခု ဇွန်လကုန်ပိုင်းကျတော့ အမေရိကန် ဒေါ်လာ ၀ယ်စုတာတွေ များလာပြီး ဒီကနေ့မှာတော့ တဒေါ်လာ ကို ကျပ် ၁၀၀၀ ကျော်ထိ တက်သွားခဲ့တာပါ။ 

ဈေးတက်သွားတာကြောင့် လိုင်စင်ရ နိုင်ငံခြားငွေ လဲလှယ် တဲ့ လုပ်ငန်း လုပ်နေတဲ့ ပုဂ္ဂလိက ဘဏ်တွေ လည်း ဒေါ်လာ အရောင်းအ၀ယ် ရပ်သွားခဲ့တယ်လို့ သိရပါတယ်။ 

ယနေ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ် ငွေလဲနှုန်းမှာတော့ အမေရိကန် တဒေါ်လာလျှင် ၉၅၉ ကျပ်ဖြစ်နေသေးပြီး ပုဂ္ဂလိကဘဏ်တွေက အမေရိကန်တဒေါ်လာ ရောင်းဈေး ၉၆၀ ကျပ်၊ ၀ယ်ဈေး ၉၆၇ ကျပ် သတ်မှတ်ထားပေမယ့် အလုပ်မဖြစ်ဘူးလို့ သိရပါတယ်။ 

အပြင်ဈေးကွက်ပေါက်ဈေးကတော့ ၁၀၀၅ ကျပ် ထိ မြင့်တက်လာပြီး အမေရိကန်ဒေါ်လာ ၀ယ်လို့ မရအောင် ပြတ်သွားတယ် လို့လည်း ရန်ကုန် သတင်းတွေက ဆိုပါတယ်။ 

“ဘာကြောင့်မှန်းမသိဘူး ဒေါ်လာ တအားလိုက်ဝယ်နေတယ်။ မနက်ဈေးစဖွင့်တုန်းက ၉၉၈ လောက်ပဲရှိ တာ။ တနေကုန် အ၀ယ်များလွန်းလို့ အခု ဈေးပိတ်ခါနီး (ညနေ ၅ နာရီ) မှာ တဒေါ်လာ ၁၀၀၅ ကျပ် အထိ ရောက်သွားပြီ။ ဒီနေ့ တနေ့ တည်းကို ဈေးတွေ ထိုးတက်သွားတာ” လို့ ရန်ကုန်မြို့က နိုင်ငံခြားငွေလဲ ဒိုင်တဦးက ပြောပါတယ်။ 


ဒီအကြောင်း သတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာက ဤနေရာမှာ (http://burma.irrawaddy.org/archives/43081 )လည်း ဖတ်နိုင်ပါပြီ။ 

Viewing all articles
Browse latest Browse all 5236

Trending Articles