Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

သမ္မတ ပြောခွင့်ရအရာရှိ တက်မယ့် စိတ်ဝင်စားစရာ ဆွေးနွေးပွဲ

$
0
0

အမုန်းပွားစေတဲ့ ရေးသားပြောဆိုမှု (hate speech) တွေ မြန်မာပြည်သား အင်တာနက်သုံးသူများကြားထဲကို အလုံးအရင်းနဲ့ ရောက်နေတာ တနှစ်ကျော်သွားပါပြီ။
ဒီလို ရေးသားပြောဆိုမှုတွေ လျော့နည်းစေဖို့ ရေးသားတိုက်တွန်းချက်တွေ အားနည်းနေပါသေးတယ်။

အမေရိကန်သံရုံးရဲ့ တွစ်တာကနေ ပြီးခဲ့တဲ့ မိနစ်ပိုင်းအတွင်း ဖိတ်စာတစောင် တက်လာပါတယ်။

မြန်မာပြည်အတွင်း အမုန်းတရား တိုးပွားစေတဲ့ ရေးသားပြောဆိုမှု တားဆီးရေးဆိုင်ရာ ဆွေးနွေးပွဲကို
ဇွန်လ ၂၈ ရက်နေ့ သောကြာနေ့ မနက် ၉းဝဝ ရန်ကုန်မြို့ Chatrium ဟိုတယ်မှာ  လုပ်မယ် တဲ့။

Open Invite လို့ ဆိုထားတာကြောင့် မည်သူမဆို တက်ရောက်နိုင်သည်ပေါ့။

ပြန်ကြားရေးဒုဝန်ကြီး နဲ့  ဘာသာရေးခေါင်းဆောင်များ ပါဝင်တဲ့ ဆွေးနွေးပွဲ လို့လည်း ဆိုထားပါတယ်။

အင်တာနက် သတင်းများမှာတော့ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် တက်ရောက်မယ်လို့ ဆိုကြပါတယ်။ဦးရဲထွဋ်က အဲဒီ ဆွေးနွေးပွဲသွားပြီး အမုန်းတရားတိုးပွားအောင် ပြောဆိုမှာလားလို့ တချို့က အတည်ပေါက် နောက်ပြောင်နေတာကိုလည်း Facebook မှာ တွေ့ရမှာပါ။ဒုဝန်ကြီး ဦးရဲထွဋ်က သမ္မတရဲ့ ပြောခွင့်ရအရာရှိလည်း ဖြစ်တာကြောင့် ဒီဆွေးနွေးပွဲမှာ သူ ဘာတွေ ပြောမလဲ ဆိုတာကတော့ အင်မတန် စိတ်ဝင်စားဖို့ ကောင်းမှာပါ။

အဲဒီပွဲကိုတက်ရောက်ပြီးတော့ ဦးဆောင် ဆွေးနွေးဖွယ်ရှိတဲ့ ဘာသာရေးခေါင်းဆောင်များရဲ့ အမြင်ကလည်း သေချာပေါက် စိတ်ဝင်စားဖို့
ကောင်းပါလိမ့်မယ်။ ဒီဆွေးနွေးပွဲ (workshop) ကနေ မြန်မာပြည်မှာ အမုန်းပွားစေတဲ့ ရေးသားပြောဆိုမှု  လျော့နည်းစေရေး နည်းနာတွေ၊ အကြံပြုချက်တွေ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။  


.


Viewing all articles
Browse latest Browse all 5236

Trending Articles