Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရန်ကုန်မန္တလေးကားလမ်းမှာ ကင်မရာတပ်တော့မယ်

$
0
0


ရန်ကုန် မန္တလေး အမြန်လမ်းမမှာ သတ်မှန်နှုန်းထက် ပိုမောင်းတာတွေကို အရှိန်ထိန်းတိုင်းကိရိယာသုံးပြီး စစ်ဆေးမယ် တဲ့။ ဒီကနေ့ သတင်းစာများမှာ ရေးထားတာပါ။

(ဓာတ်ပုံ - www.parkex.co.uk)

သတ်မှန်အမြန်နှုန်းထက် ပိုမောင်းတဲ့ ကားတွေကို ကင်မရာက အလိုအလျောက် ဓာတ်ပုံရိုက်တာမျိုး ဖြစ်ပါလိမ့်မယ်။
ဓာတ်ပုံမှာ ပါမယ့် ကားနံပါတ်ကို စစ်ဆေးပြီး မိုင်ပိုမောင်းလို့ဒဏ်ရိုက်တယ်ဆိုတဲ့ အကြောင်းကြားစာကို စာတိုက်ကနေတဆင့် အိမ်ကို ပို့ဖွယ် ရှိပါတယ်။
(ဒါဆိုရင် - ကိုယ့်ကားကို တယောက်ယောက်က ငှားသွားပြီး မိုင်ပိုမောင်းတဲ့အခါ ကင်မရာကဖမ်းမိရင် ဒဏ်ရိုက်တဲ့စာရွက် အိမ်ကို ရောက်လာပါလိမ့်မယ်)

ကင်မရာ နဲ့ မှတ်တမ်းတင်ထားတော့ တိကျတယ်လို့ ဆိုနိုင်ပါတယ်။ အငြင်းပွားရတာမျိုး မဖြစ်တော့ပါဘူး။


mobile traffic radar system လို့ ဆိုထားတော့ ကင်မရာကို လမ်းဘေးမှာ ချိတ်မထားဘဲ နေရာရွှေ့ပြီး စောင့်ကြည့်မှတ်တမ်းတင်တာမျိုး ဖြစ်နိုင်ပါတယ်။
ကင်မရာရှိတဲ့နေရာပဲ ကားအရှိန်လျှော့မောင်းတာမျိုးနဲ့လည်း ကြုံရနိုင်ပါတယ်။

ကင်မရာကိုကားထဲထည့်ထားတာမျိုး၊ သို့မဟုတ် လမ်းဘေး တနေရာမှာပဲ ကင်မရာမှန်း မသိအောင် လုပ်ထားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒီလို စစ်ဆေးတာ ရှေ့လ ၁ ရက်နေ့ကနေ စတင်မယ်လို့ ဆိုပါတယ်။

ယာဉ်မတော်တဆမှုက မိုင်ပိုမောင်းသူတွေကြောင့် ပိုမို များပြားလာဟန် ရှိပါတယ်။

ကားတွေ ဘာကြောင့်ပဲ မတော်တဆဖြစ်ဖြစ် ခါးပတ်ပတ်ထားကြမယ် ဆိုရင် ကားပေါ်မှာ ပါတဲ့သူတွေ ထိခိုက်၊ သေဆုံးမှု နည်းပါး ပါလိမ့်မယ်။

မော်တော်ယာဉ်တိုင်း ထိုင်ခုံမှာ ခါးပတ် ထားရှိဖို့ ဥပဒေပြဋ္ဌာန်းတာမျိုး မြန်မာပြည်မှာ ရှိလာနိုင်ပါတယ်။


ပြီးခဲ့တဲ့လ ၂၈ ရက်နေ့က တောင်ငူ၊ ညောင်ခြေထောက် ရန်ကုန်မန္တလေးကားလမ်းတနေရာ ယာဉ်မှောက်မှုတခုမှာ ၄ ဦး
သေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းပြင်း ရသွားပါတယ်။ ကားသမား အိပ်ငိုက်သွားတာကြောင့်လို့ ဆိုပါတယ်။

ပုံမှာတွေ့ရတာက ယာဉ်တိုက်မှုဖြစ်တဲ့ကားပါ။ ဂျွမ်းထိုးမှောက်ခုံဖြစ်မသွားဘူးလို့ ထင်ပါတယ်။

ထိုင်ခုံမှာ ခါးပတ် ပတ်ထားကြမယ် ဆိုရင် ဒီလောက် အခြေအနေ ဆိုးမယ်မဟုတ်ဘူးလို့ ယူဆရပါတယ်။

နိုင်ငံတချို့မှာတော့ ကလေးငယ်တွေ ကားစီးမယ် ဆိုရင်  ထိုင်ခုံ အသေးလေးထဲ ထည့်ပြီး ခါးပတ် အဆင့်ဆင့် ပတ်ထားရပါတယ်။
အဲဒီခုံသေးလေးကိုလည်း ကားထဲက ခုံတခုခုမှာ ခါးပတ်နဲ့ ထပ်ပြီး ပတ်ထားရပါတယ်။
အဲဒီလို လုပ်မထားဘူးဆိုတာကို ယာဉ်ထိန်းရဲစစ်ဆေးလို့ မိသွားရင် အနည်းဆုံးတော့ ဒဏ်ရိုက်ခံရပါလိမ့်မယ်။


Viewing all articles
Browse latest Browse all 5236

Trending Articles