Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အမေ့လျော့ခံများအတွက် ကျင်းပတဲ့ အခမ်းအနား

$
0
0



ကမ္ဘာ့ ဒုက္ခသည်များနေ့ကို ဒီကနေ့ ရန်ကုန်မြို့မှာ တခမ်းတနား ကျင်းပပါတယ်။

UNHCR လို့ ခေါ်တဲ့ ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက စီစဉ်တာပါ။

ဒုက္ခသည်တွေတော့ မပါပါဘူး။ အစိုးရပိုင်းလူကြီးတချို့ နဲ့ UNHCR အရာရှိကြီးငယ်တွေ တက်ရောက်ကြတဲ့ ဒီပွဲကို ဦးဝိစာရလမ်းမှာရှိတဲ့ Myanmar Peace Center မှာ ပြုလုပ်ခဲ့ပါတယ်။

မိုးတွေ တဗြုန်းဗြုန်းရွာနေတဲ့ ဒီကာလမှာ မြန်မာပြည်တွင်းနဲ့ နယ်စပ်ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေ ဘယ်လောက်ပဲ ရှိနေပေမယ့် ဒီကနေ့ ရန်ကုန်ကပွဲကိုတော့ အေးအေးဆေးဆေး ကျင်းပခဲ့ပါတယ်။

အစိုးရဝန်ကြီးတွေကလည်း အားလုံး အဆင်ပြေသွားမယ်၊ ဒုက္ခသည်တွေ နေရပ်ပြန်ရေးက နီးလာပြီ၊ မိုင်းရှင်းလင်းရေး လုပ်မယ်၊ နေရာထိုင်ခင်း အစီအစဉ်တွေ လုပ်မယ် စသဖြင့် မင်္ဂလာရှိစွာ ပြောပြသွားကြတာပါ။

ကမ္ဘာတဝန်းမှာတော့ ဒုက္ခသည်များနေ့ကို မနေ့က ကျင်းပပါတယ်။
ရန်ကုန်မှာ တရက်နောက်ကျပြီး ပြုလုပ်ရခြင်း အကြောင်းရင်းက ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်း ခရီးလွန်နေတဲ့အတွက် ဖြစ်ပါလိမ့်မယ်။

ကယားပြည်နယ်မှာ ငြိမ်းချမ်းရေး ညှိနှိုင်းပွဲတခုက ပြန်လာတဲ့ ဦးအောင်မင်းက အဲဒီဒေသ ဒုက္ခသည်များ ပြန်လည် နေရာချထားရေးအကြောင်းကိုလည်း ထည့်ပြောသွားပါတယ်။
ဝန်ကြီးက ကြိုပြင်ထားတဲ့ အင်္ဂလိပ်ဘာသာမိန့်ခွန်းကို ဖတ်အပြီး မြန်မာလို မိန့်ခွန်းဆက်ပြောရာမှာတော့ လက်တန်းပြောသွားပါတယ်။
ပြောဆိုချက်များ နားထောင်ရတာတော့ အားရစရာပါပဲ။
အပြောကောင်းတဲ့ ဝန်ကြီးက ကောင်းတာလေးတွေ ရွေးပြောသွားပါတယ်။

ဒုက္ခသည်တို့ရဲ့ မနက်ဖြန်ကတော့ ဟုတ်ပါပြီ၊ သူတို့ ဒီကနေ့ နေထိုင်စားသောက်ရေး အခြေအနေ ဘယ်လို ရှိမယ်ဆိုတာကိုတော့ မသိရပါ။

UNHCR အရာရှိကြီး နှစ်ယောက်ရဲ့ မိန့်ခွန်း ဖတ်ကြား ပြောကြားတဲ့အစီအစဉ်လည်း ပါဝင်ပါတယ်။

နိဂုံးချုပ်ရရင်တော့ ဒုက္ခသည်နေ့အခမ်းအနား ရန်ကုန်မှာ ကျင်းပတယ် ဆိုတာကို အင်မတန် ကြိုဆိုကြရပါမယ်။
ကိုယ့်နယ်မြေကို စွန့်ခွာနေရတဲ့ စစ်ပြေးဒုက္ခသည်တို့၊ ရွာလုံးကျွတ် တောထဲ ပုန်းနေရ ရှောင်နေရသူတို့ ဆိုတာ အမေ့လျော့ခံတွေ မဟုတ်လား။

UNHCR က ဒုက္ခသည်များနေ့ ကျင်းပတာကလည်း ကမ္ဘာ့နိုင်ငံအများအပြားမှာ ဒုက္ခသည်တွေ နေရပ် စွန့်ခွာနေရတယ် ဆိုတာကို အဓိက မီးမောင်းထိုးပြတဲ့သဘောလို့ ယူဆပါတယ်။
ဒီကနေ့ ဧရာဝတီမှာ ဒုက္ခသည်ဆိုင်ရာသတင်း ၃ ပုဒ် တက်တာကို တွေ့ရမှာပါ။
 
ရခိုင်ဒေသ ဒုက္ခသည်များ ပြန်လည် မထူထောင်နိုင်သေး
http://burma.irrawaddy.org/archives/42794


Peace a Prerequisite for Repatriation of Burmese Refugees: Minister http://www.irrawaddy.org/archives/38122


အစိုးရနှင့် KNPP ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ သဘောတူညီချက် ၈ ချက်ရရှိ http://burma.irrawaddy.org/archives/42776

ဖတ်လိုက အထက်ပါ လင့်များအတိုင်း ကလစ်ပြီး ဖတ်ရှုနိုင်ပါပြီ။

.

Viewing all articles
Browse latest Browse all 5236

Trending Articles