Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

စင်ကာပူနဲ့ မီးခိုးငွေ့ အန္တရာယ်

$
0
0
စင်ကာပူနိုင်ငံမှာတော့ မီးခိုးတွေနဲ့ လေထု ညစ်ညမ်းမှုတွေ အဆိုးဆုံး အခြေအနေကို ရင်ဆိုင်နေရပြီး ၀န်ကြီးချုပ် လီရှန်လွန်းကတော့ နောက် တပတ်လောက် ကြာနိုင်တယ်လို့ မနေ့က သတင်းစာ ရှင်းလင်းပွဲ မှာ  ပြောလိုက်ပါတယ်။ 

 ဓာတ်ပုံ- Channel News Asia

အင်ဒိုနီးရှားနိုင်ငံ ဆူမတြာကျွန်းမှာ တောမီးလောင်ရာက ဖြစ်ပေါ်လာတဲ့ မီးခိုးငွေ့တွေဟာ စင်ကာပူမှာတော့ ဆယ်စုနှစ် ၂ ခု အတွင်း အဆိုးဆုံးဖြစ်တယ်လို့လည်း လီရှန်လွန်းက ဆိုပါတယ်။ 

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ပညာရှင်တွေက စင်ကာပူအစိုးရကို တိုင်းထွာချက် မှတ်တမ်း
တွေကို ပို့ခဲ့ပြီး PSI (Pollutant Standards Index) ဆိုတဲ့ လေထု ညစ်ညမ်းမှု ယူနစ်အမှတ် ၃၁၀ ထိ ရောက်ခဲ့တာကြောင့် အန္တရာယ် ရှိတဲ့ အဆင့်ကို သတ်မှတ်ကြေညာလိုက်တာလည်းဖြစ်ပါတယ်။ 

ယမန်နေ့ ညပိုင်း စင်ကာပူ သတင်းတွေအဆိုအရ PSI အမှတ်တွေဟာ ၃၀၀ အထက်ကို ရောက်နေခဲ့တာ
တွေ လည်း ရှိလာလို့ ကျောင်းတော်တော်များများကိုလည်း ပိတ်လိုက် တယ်လို့ Channel NewsAsia သတင်း က ကြေညာသွားပါတယ်။ 

အခုဖြစ်ပေါ်နေတဲ့ မီးခိုးငွေ့တွေ လျော့ပါးသွားအောင်လည်း စင်ကာပူ ပညာရှင်တွေ အပူတပြင်း ကြိုးစား 
နေကြတယ်လို့ Channel News Asia က ကြေညာသွားပါတယ်။  

လေထုညစ်ညမ်းမှု PSI အမှတ် ၃၇၁ ထိ မြင့်တက်လာတာကြောင့် စင်ကာပူ အာဏာပိုင်တွေကတော့ ကြာသပတေးနေ့ ညနေပိုင်းမှာ လူတွေကို အပြင်မထွက်ပဲ နေကြဖို့ သတိပေးသွားပါတယ်။

အခုလို တရားမ၀င် တောမီးရှို့ကြလို့ ဆိုးကျိုးတွေဖြစ်ပေါ်လာတာကြောင့် ဒါနဲ့ ပတ်သက်တာ ကိုလည်း စုံစမ်း ဖော်ထုတ်ဖို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေ ပြောဆိုပါတယ်။ 

သိန်းနဲ့ ချီတဲ့ ရွှေမြန်မာတွေ အလုပ် လုပ်ကိုင်နေထိုင်ကြတဲ့ စင်ကာပူမှာ အခုလို အခြေအနေတွေ ဖြစ်ပေါ် လို့ အရေးပေါ် သတိပေးမှုတွေ လုပ်ဆောင်နေတာကြောင့် အပြင်ထွက်ကြတဲ့ သူတွေလည်း နှာခေါင်းအုပ် မျက်နှာဖုံးတွေ ကိုယ်စီ တပ် ဆင်ကြရတယ်လို့ ရွှေမြန်မာတွေက ပြောကြပါတယ်။ 

ယမန်နေ့ ညပိုင်းအခြေအနေတွေက ပိုဆိုးလာတဲ့ အရိပ်အယောင်တွေဖြစ်ပေါ်လာတာကြောင့် တချို့ လုပ်ငန်းတွေကိုလည်း နေ အိမ်တွေကနေပဲ အလုပ်တွေကို လုပ်ဖို့ ဖုန်းနဲ့ အသိပေးလာတာတွေလည်း ရှိပြီး MRT နဲ့ LRT တွေပေါ်မှာလည်း လူတွေ အတော်နည်းပါးသွားတယ်လို့ စင်ကာပူရောက် ရွှေမြန်မာတွေ က ပြောကြပါတယ်။ 

တော်တော်များများက အိမ်ထဲမှာနေကြပြီး ကောင်းကင်တခုလုံးကလည်း ညိုမှောင်နေပြီး မွန်းကြပ်သည့် ခံစားမှုမျိုး ရတယ် လို့လည်း စင်ကာပူရောက် မြန်မာတချို့က ပြောပါတယ်။ 

ဒါပေမယ့် မဖြစ်မနေ အလုပ်ကို သွားရတဲ့သူတွေလည်း ရှိနေသေးပြီး အစိုးရက နောက်ထပ် ကြေညာချက်
တွေ ဘယ်လိုရှိ လာမလဲ ဆိုတာ အဆက်မပြတ် သတင်းနားထောင်နေရတယ်လို့ ဆိုကြပါတယ်။ 



အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles